မေ၀ယ်သာနှင့် ပတ်ကွီရိုပွဲ ပရိသတ်များ စိတ်ပျက်

July 18, 2015

မေ၀ယ်သာ လက်ဝှေ့သက်တမ်း နောက်ဆုံးပွဲအတွက် လေ့ကျင့် (ရုပ်သံ)

လက်ဝှေ့သက်တမ်းရဲ့ နောက်ဆုံးပွဲကို စက်တင်ဘာလမှာ ထိုးသတ်မယ်လို့ ကြေညာထားတဲ့ အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာဟာ  လေ့ကျင့်မှုတွေကို ပြုလုပ်နေပါတယ်။ ပက်ကွီရိုကို အနိုင်ရခဲ့ပြီးတဲ့နောက် အသက် ၃၈ နှစ် မေ၀ယ်သာဟာ  နောက်တပွဲဟာ သူရဲ့ နောက်ဆုံးပွဲ ဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ သူလေ့ကျင့်နေတဲ့ပုံတွေကို လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ် အကောင့်မှာ  တင်ထားပေမယ့် နောက်ဆုံးပွဲကို ဘယ်သူနဲ့ ထိုးသတ်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။ မေ၀ယ်သာရဲ့ နောက်ဆုံးပြိုင်ဘက်ဟာ အမီးရ်ခန်း၊ ကာနီလို အလ်ဗာရက်ဇ်၊ တီမောသီ ဘရက်ဒလေ၊ ကိသ် သူမန်နဲ့ ကဲလ် ဘရော့တိုတွေထဲက တဦးဦး ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်း နေကြပါတယ်။ ရေပန်းအစားဆုံးကတော့ လက်ရှိ WBA ၀ယ်သာဝိတ် ချန်ပီယံ အန်ဒရေဘာတို ဖြစ်ပါတယ်။ သူဟာ ၃၃ ပွဲမှာ ၃ ပွဲသာ ရှုံးထားပါတယ်။
7 years Ago

May 8, 2015

ပက်ကွီရိုနှင့် နောက်တကြိမ်ထိုးရန် ဆန္ဒမရှိဟု မေ၀ယ်သာ ပြော

ပွဲတိုင်းနိုင်တဲ့ အမေရိကန် လက်ဝှေ့ကျော် မေ၀ဲသာက ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီရိုနဲ့ နောက်တကြိမ်ထိုးဖို့ ဆန္ဒမရှိဘူးလို့ ပြောလိုက်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မေ၀ယ်သာက ပတ်ကွီရိုရဲ့ ပခုံးက ဒဏ်ရာကို ခွဲစိတ်ကုသပြီးတဲ့ တနှစ်အတွင်းမှာ မကျေပွဲ ပြန်ထိုးမယ်လို့ ESPN ရုပ်သံ သတင်းထောက်ကို ပြောကြားခဲ့တာပါ။ ဒါပေမယ့် အမေရိကန် အခြေစိုက် Showtime ရုပ်သံနဲ့ အင်တာဗျူးမှာတော့ မေ၀ယ်သာက ဆုံးဖြတ်ချက် ပြောင်းလိုက်တဲ့အကြောင်း ပြောပါတယ်။ ဒီကြားထဲမှာ ပက်ကွီရိုက စိန်ခေါ်ပွဲမှာ သူ ရှုံးခဲ့တာ ညာဘက် ပခုံး ဒဏ်ရာကြောင့်လို့ ပြောခဲ့ပေမယ့် မေ၀ယ်သာကတော့ ၁၂ ချီလုံးလုံး သူ သတိမထားခဲ့မိဘူးလို့ ပြောပါတယ်။ “သူက သိပ်မြန်တယ်။ သူ့ရဲ့ ဘယ်လက်ကလည်း မြန်သလို ညာလက်ကလည်း မြန်တာပဲ။ ဘယ်ရော ညာရော ထိုးချက်တွေက မြန်လည်း မြန်တယ်၊ ပြင်းလည်း ပြင်းတယ်” လို့ မေ၀ဲသာက ပြောပါတယ်။ “ဒါပေမယ့် စိန်ခေါ်ပွဲမှာ သူရှုံးပါတယ်။ သူရှုံးတာကိုလည်း သူသိပါတယ်။ ဒါတွေ ပြောနေတာကြောင့် ကျနော် သူ့အပေါ် လေးစားမှု အတော်လေး ပျက်ယွင်းပါတယ်လို့” မေ၀ယ်သာက ဆိုပါတယ်။ မေ၀ယ်သာနဲ့ အင်တာဗျူး အပြည့်အစုံကို Showtime ရုပ်သံလိုင်းမှာ မေ ၉ ရက်နေ့ကျရင် ပြသဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ရာစုနှစ်အတွင်း လူစိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ လက်ဝှေ့ပွဲမှာ မေ၀ယ်သာက ပတ်ကီရိုကို ၁၂ ချီမှာ အမှတ်အသာနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို သိမ်းပိုက်ထားပါတယ်။
7 years Ago
More News
Up