မျှော်မှန်း

January 6, 2018

အိန္ဒိယနှင့်အင်ဒိုနီးရှား ကုန်သွယ်ရေး ၂၀၂၅ တွင် ဘီလီယံ ၅၀ ထိ မျှော်မှန်း

အိန္ဒိယနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ထိရောက်ရှိဖို့ မျော်လင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆူဒီ က ဇန်နဝါရီ ၅ ရက်နေ့မှာ ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှာမာ ဆွာရက်ဂ်ျနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆူဒီတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ဆုံးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဲဒီလိုပြောကြားသွားတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကုန်သွယ်ရေးအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်မှု အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့လည်း သဘောတူခဲ့ကြတယ်လို့  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံဟာ အခုနှစ်အတွင်းမှာ ဗြိတိန်နဲ့ ပြင်သစ်ကို ကျော်ပြီး ကမ္ဘာ့နံပါတ် ၅ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ဖို့ မော်ျမှန်းနေတာလည်း ဖြစ်ပါတယ်။ လာမယ့် ၁၅ နှစ်အတွင်း ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ ၁၀ နိုင်ငံစားရင်းမှာ အာရှနိုင်ငံတွေ ပိုပြီးများလာနိုင်ခြေရှိနေတာလည်းဖြစ်ပါတယ်။ အဲဒီစာရင်းမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up