မျှော့

September 15, 2018

အမျိုးသားတဦး၏ နှာခေါင်းအတွင်း သုံးလအကြာရှင်သန်နေထိုင်သည့် မျှော့

တရုတ်နိုင်ငံက အမျိုးသားတဦးဟာ သူ့နှာခေါင်းထဲမှာ လွန်ခဲ့တဲ့ သုံးလကတည်းက အကောင်ပေါက် ကြီးထွားနေတဲ့ ၁ လက်မလောက်ရှည်လျားတဲ့ မျော့တကောင်ကို ဆရာဝန်အကူအညီနဲ့ ဖယ်ထုတ်ခဲ့ရတယ်လို့ OC သတင်းဌာနမှာ ဖော်ပြပါတယ်။ မျော့ထုတ်ခဲ့ရတဲ့ အမျိုးသားကို ပန်လို့ဖော်ပြထားပြီး သူဟာ ဆယ်ရက်ဆက်တိုက် နှာခေါင်းသွေးလျှံတဲ့ ဝေဒနာခံစားခဲ့ရပြီးနောက်မှာ တရုတ်နိုင်ငံ ကွန်တုံပြည်နယ်မှာရှိတဲ့ ဒေါင်ဂွမ်ချနန်းအန် ဆေးရုံမှာ ဆွဲထုတ်ခဲ့ရတာပဲဖြစ်ပါတယ်။ ပန်ကိုနား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန် လျူကကုသပေးခဲ့ရတာဖြစ်ပြီး လျူက သူရဲ့ဆရာဝန် သက်တမ်းတလျောက် ဒီလိုထူးထူးခြားခြား ကုသမှုမျိုး မလုပ်ခဲ့ရဘူးပေမယ့် ကျန်းမာရေးဆိုင်ရာ စာအုပ်တွေကို လေ့လာမှုအရ ပန်ရဲ့နှာခေါင်းထဲမှာ သွေးစုပ်သတ္တဝါတကောင် ရှိနေပြီဆိုတာ ခန့်မှန်းမိတယ်လို့ ဆိုပါတယ်။ တကယ်လည်း လျူရဲ့ခန့်မှန်းမှုက မှန်ကန်ပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အချိန်မှာ ပန်ရဲ့နှာချောင်းထဲမှာ သတ္တဝါတကောင်ရှိနေတယ်ဆိုတာ သိခဲ့ရပြီး တလက်မလောက်ရှိတဲ့ ဒီမျော့ကြီးကို လျူက ကြိုးစားပမ်းစား ဖယ်ရှားခဲ့ရပါတယ်။ ဒီဖြစ်ရပ် ပေါ်ပေါက်လာပြီးတဲ့ အချိန်မှာ နှာခေါင်းထဲ ၁ လက်မလောက်ကြီးတဲ့ မျော့ကြီး သုံးလလောက်ဝင်နေတာကို ပန်က မသိခဲ့ဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာ ခဲ့ပါတယ်။ ဒါပေမယ့် လျူကတော့ ဒီမျော့ကြီးဟာ အကောင်ငယ်လေးဘဝကနေတဆင့် တဖြည်းဖြည်း ကြီးထွားလာတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပြီး ပန်ကို မေးမြန်းတဲ့အခါမှာလည်း သူဟာ ပြီးခဲ့တဲ့ သုံးလလောက်က သူတို့ရွာနားက မြစ်တခုမှာ ရေဆင်းကူးခဲ့တယ်လို့ ဆိုပါတယ်။ “အဲဒီအချိန်ကတည်းက မျော့ပေါက်စလေးက ပန်ရဲ့နှာခေါင်း ထဲဝင်ခဲ့တာ ဖြစ်နိုင်တယ်” လို့လည်း လျူကပြောပါတယ်။ ပန်ကလည်း သူ့နှာခေါင်းထဲမှာ မျော့ကြီးရှိနေပေမယ့် သူ့အနေနဲ့ သုံးလလုံးလုံး ဘာနာကျင်မှုမှ မခံစားခဲ့ရဖူးလို့ ပြောကြားခဲ့ပါတယ်။ ဒေါက်တာလျူက “ဒါဟာ မျော့တွေ ပင့်ကူတွေမှာ  ရှိတဲ့အစွမ်းသတ္တိတွေကြောင့်ဖြစ်ပြီး ပန်လို မျိုးနှာခေါင်း သွေးလျံလာမှသာလျှင် ဒီအကောင်တွေ ဝင်ရောက်နေတယ်ဆိုတာကို သိရှိကြတယ်” လို့ ဆိုပါတယ်။
3 years Ago
Up