မှော်နှင်တံ

October 19, 2018

လန်ဒန် စိန့်ပေါလ်ဘုရားကျောင်း အဝင်လမ်းပေါ်တွင် မှော်နှင်တံကြီး ၉ ခု အလှဆင်ထား

ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်က စိန့်ပေါလ် ခရစ်ယာန်ဘုရားကျောင်း အဝင်လမ်းပေါ်မှာ မှော်နှင်တံကြီး ၉ ခုကို အလှဆင်ထားပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲအသစ် "Fantastic Beasts" ကို လာမယ့်လမှာ ရုံတင်ပြသတော့မှာမို့ အကြိုအနေနဲ့ ခုလို ဆင်ယင်ထားတာ ဖြစ်ပါတယ်။ ၁၅ ပေရှည်တဲ့ မှော်နှင်တံတွေဟာ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ ရေးသားသူ စာရေးဆရာမ ဂျေကေ ရိုးလင်းရဲ့ လူမို့စ် ပရဟိတအဖွဲ့ကို သတိထားမိအောင် လုပ်တာလည်း ဖြစ်ပါတယ်။ ဒီမှော်နှင်တံတွေထဲမှာ ဟို့ဝ့ါတ်စ် မှော်ကျောင်းအုပ်ကြီး ဒမ်ဘယ်ဒိုးရ်နဲ့ ဇာတ်ကားသစ်ထဲမှာ ဗီလိန်သစ်အဖြစ် သရုပ်ဆောင်တဲ့ ဂျွန်နီဒိ(ပ်) တို့ ဇာတ်ကားထဲမှာ ကိုင်ဆောင်တဲ့ မှော်နှင်တံတွေရဲ့ ဒီဇိုင်းပုံစံတူတွေ ပါပါတယ်။ မှော်နှင်တံတွေထိပ်မှာ မီးလင်းအောင် တပ်ဆင်ထားပြီး နိုဝင်ဘာလလယ်ထိ ညနေတိုင်း  မီးထွန်းထားမှာ ဖြစ်ပါတယ်။
3 years Ago
Up