မှော်ဘီတွင် ပြုလုပ်

January 26, 2017

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းအဖြစ် ပထမအကြိမ်ရုပ်ရှင်ရုံဖွင့်ပွဲ မှော်ဘီတွင် ပြုလုပ်

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းအဖြစ် မှော်ဘီမြို့နယ်၊ ရွာသစ်ကွင်း၊ တပ်ကြီးကုန်းရပ်ကွက်မှာ ရုပ်ရှင်ရုံကို ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရုပ်ရှင်ရုံတစ်ရာစီမံကိန်း  ပြီးစီးသွားပါက ရရှိလာတဲ့ အကျိုးအမြတ်ကနေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ၅ ရာခိုင်နှုန်း အနုပညာရှင် သက်ကြီးရွယ်အိုတွေကို ၃ ရာခိုင်နှုန်း လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။ လာမယ့်မတ်လအတွင်းမှာလည်း ရုပ်ရှင်ရုံ ၄ ရုံ ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်း ဒုတိယဥက္ကဋ္ဌ ဦးလွင်မိုးက ပြောပါတယ်။
5 years Ago
Up