မှောင်ခိုရောင်းဝယ်နေမှု

August 15, 2018

နွားနှင့်ဆိတ် မှောင်ခိုရောင်းဝယ်နေမှုကြောင့် ဈေးကွက်နစ်နာမှုမရှိအောင် လုပ်ဆောင်မည်

မြန်​မာနိုင်​ငံမှာ တ​နှစ်​ကို နွား​နဲ့ ဆိတ်​​ကောင်​​ရေ သုံးသိန်းခန့်​ ပြည်​ပကို တရားမဝင်​ ​မှောင်​ခို​ရောင်းဝယ်​​နေမှု ရှိေ​နပြီး ​ဈေးကွက်​နစ်​နာမှု မရှိ​အောင်​ တရုတ်​ပြည်​ ယူနန်​ အစိုးရနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​​နေတယ်​ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ မ​ကွေးမြို့ ထိန်​ထိန်​သာဟိုတယ်​မှာ သြဂုတ်​ ၁၄ ရက်​​ မနက်​ပိုင်းက USAID က ဦး​ဆောင်​ကျင်းပတဲ့ စိုက်​ပျိုး​စီးပွားကဏ္ဍ အ​ခြေ​အနေများနဲ့ အခွင့်အလမ်းများ ​ဆွေး​နွေးပွဲမှာ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက ​ပြောကြားလိုက်​တာပါ​။ “​မွေးမြူ​ရေးကိစ္စက တရုတ်​ပြည်​ကို ​မှောင်​ခိုသွား​နေတာ နွားက တသိန်းခွဲ​လောက်​ ရှိတယ်​။ ဆိတ်​က တ​သိန်း​လေး​သောင်း​လောက် ရှိတယ်​။ အဲဒါတွေကို တရုတ်​​တွေ နှပ်​တာ မခံရ​အောင်​ Government to Government မြန်​မာအစိုးရနဲ့ ယူနန်​အစိုးရတို့ ပူး​ပေါင်း ကြိုးပမ်း​ဆောင်​ရွက်​လျက်​ ရှိတယ်​။ နွား​တွေကို တရားဝင်​ သွားလို့ရ​အောင်​ ​ထောက်​ခံချက်​​တွေကို​ ဖြေ​လျှော့ပြီး လွယ်​ကူ​အောင်​ ​ဆောင်​ရွက်​​ပေး​နေတယ်​” မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ နွား​ကောင်​​ရေ ၁၄ သိန်း​လောက်​ ရှိ​နေပြီး ပြည်​ပကို ပို့ပြီးတာ တ​သောင်း​ကျော်​​လောက်​ပဲရှိတဲ့အတွက်  မထိခိုက်​နိုင်​တဲ့အကြောင်းနဲ့ တရားဝင်​ ​ရောင်းခွင့်မပြုရင်​လည်း ​မှောင်​ခို​တွေ သွားကြပြီး အခွန်​တွေ ​ဆုံးရှုံးနစ်​နာမှာ ဖြစ်​ပါတယ်လို့လည်း ပြောပါတယ်။ မ​ကွေးတိုင်း​ဒေသကြီးမှာ နွားတကောင်​ကို အရင်​က တိုင်း​ဒေသကြီး အခွန်​​ငွေအဖြစ်​ ၃၀၀၀ ကျပ်​ ​ကောက်​ခံရာကနေ အခု ၅၀၀၀ ကျပ်​အထိ အခွန်​​ပေး​ဆောင်​နေကြရတယ်လို့ သိရပါတယ်​။ မင်းထီး
3 years Ago
Up