မွေးဖွားခဲ့သည့် သိုးပေါက်ကလေး (ရုပ်သံ)

June 23, 2017

ထိတ်လန့်ဖွယ် လူတပိုင်း ဘီလူးတပိုင်း သွင်ပြင်ဖြင့် မွေးဖွားခဲ့သည့် သိုးပေါက်ကလေး (ရုပ်သံ)

  တောင်အာဖရိကနိုင်ငံမှာ လူသားတပိုင်း ဘီလူးတပိုင်း အသွင်အပြင်နဲ့ ထူးထူးခြားခြား မွေးဖွားလာခဲ့တဲ့ သိုးပေါက်ကလေးတကောင်ကို ရွာသားတွေက ထိတ်လန့် ကြောက်ရွံ့နေကြပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းခရိုင်တွင်းမှ လေဒီဖရဲရ်ဒေသတွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဇွန် ၂၂ ရက်နေ့က ဖော်ပြပါတယ်။ ခုလို မွေးဖွားလာမှုဟာ နတ်ဆိုးတွေက ပို့ဆောင်ပေးလိုက်တာ ဖြစ်မယ်လို့ ပြောဆိုနေကြပြီး ဒါဟာ စုန်းကဝေအတတ်ပညာတခုခုနဲ့ ဆက်စပ်နေလိမ့်မယ်လို့ လယ်သမားတွေနဲ့ ဒေသခံ ၄ ထောင်ကျော်က အခိုင်အမာ ယုံကြည်နေကြပါတယ်။ တိရစ္ဆာန်ဆေးကုသရေးဌာနမှ ဒါရိုက်တာ လူဘာဘလိုမာဝေဘီကတော့ သိုးပေါက်ကလေးရဲ့ ခန္ဓာကိုယ်တစိတ်တပိုင်းက လူ့ခန္ဓာကိုယ် မဟုတ်ဘူးလို့ ပြောလိုက်တာပါ။ “ဒီသိုးပေါက်ကလေးဟာ မမွေးဖွားခင်မှာ အာရ်ဗီအက်ဖ်ဗိုင်းရပ်စ် ကူးစက်ခံထားခဲ့ရပြီး ပုံပျက်ပန်းပျက် အခြေအနေတမျိုးနဲ့ မွေးဖွားလာခဲ့တာပါ။” ဒါပေမယ့် ရွာသားတွေနဲ့ ဒေသခံတွေကြားမှာတော့ ဒီသိုးပေါက်ကလေးရဲ့ ဓာတ်ပုံတွေဟာ ပျံ့နှံ့နေခဲ့ပြီး ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာလို့ ဆိုပါတယ်။ ထိတ်လန့်ကြောက်ရွံ့နေတဲ့ ရွာသားတဦးက “ဒါကို ကြည့်ပြီးချိန်မှာ လူကြီးတွေက လူသားနဲ့ သိုးမိတ်ဖက်လို့ ရလာတဲ့ ပြစ်ဒဏ်ခတ်မှုဆိုတာ နတ်ဆိုးတွေက ပို့ပေးလိုက်တာလို့ ပြောကြတယ်”လို့ ပြောပါတယ်။ ဒါပေမယ့် တိရစ္ဆာန်ဆေးကုသရေးဦးစီးဌာနကတော့ ဒီအခြေအနေကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးရင် အများပြည်သူကို သတင်းထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။
6 years Ago
Up