မွေးဖွားခဲ့သည့် ကလေးငယ်

July 21, 2018

Fil- Chick- A တွင် မွေးဖွားခဲ့သည့် ကလေးငယ် တသက်တာစားသုံးခွင့်ရ

မကြာသေးခင်ကမှ လူ့လောကထဲကို ရောက်ရှိလာခဲ့တဲ့ မယ်ကံကောင်းလေး တဦးကတော့ သူ့ဘဝ တလျောက်လုံး စားရမဲ့သောက်ရမဲ့အခြေအနေ ရောက်ရှိသွားမှာကို စိုးရိမ်ဖို့ မလိုတော့ပါဘူး။ အကြောင်းကတော့ သူ့ကို နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းစုဖြစ်တဲ့ Fil- Chick-A ဆိုင်ခွဲတခုမှာ မွေးဖွားခဲ့တာကြောင့်လို့ ABC သတင်းဌာနမှာဖော်ပြခဲ့တာပါ။ မိခင်လောင်းဖြစ်တော့မယ့် ဖယ်ကွန်နဲ့ သူ့ခင်ပွန်းသည်ဖြစ်သူ ရောဘတ်တို့ ဆေးရုံကိုသွားနေစဉ်မှာ ဖယ်ကွန်တယောက် ပြင်းထန်တဲ့ ဝမ်းနာမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအချိန် သူတို့ရောက်နေတာက ပိတ်လုဆဲဆဲ Fil- Chick-A ဆိုင်တစ်ဆိုင်အနီးမှာဖြစ်ပြီး ဖယ်ကွန်တို့စုံတွဲက ဆိုင်ဝန်ထမ်းတွေကို သန့်စင်ခန်းသုံးခွင့်ပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။ “ကျမကလေးကို သန့်စင်ခန်းထဲမှာ မွေးဖြစ်သွားမယ်လို့တော့ ဘယ်ထင်ပါ့မလဲ” လို့ ဖယ်ကွန်က ပြောပါတယ်။ ဒါပေမယ့် ဖယ်ကွန်သန့်စင်ခန်းထဲရောက်သွားချိန်မှာတော့ သူတို့ရဲ့သမီးငယ်လေးဟာ လူ့လောကထဲကို ဝင်ရောက်ဖို့ လမ်းတ၀က်ကို ရောက်ရှိပြီပဲဖြစ်ပါတယ်။ “ဖယ်ကွန်ရဲ့ အော်ဟစ်ညည်းညူသံတွေကြောင့် ရဲတပ်ဖွဲ့ကို ဖုန်းဆက်ဖြစ်လိုက်ပါတယ်” လို့ ဆိုင်မန်နေဂျာဖြစ်သူက ပြောပါတယ်။ သူတို့သန့်စင်ခန်းထဲ ရောက်သွားချိန်မှာတော့ ဖယ်ကွန်ဟာ သူ့ရဲ့သမီးလေး ဂေစီလင်းကို မွေးဖွားပြီးနေပြီပဲဖြစ်ပါတယ်။ မီးဖွားပြီးချိန် ၁ဝ မိနစ်လောက်အကြာမှာမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရောက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဖယ်ကွန်နဲ့ သူမတို့ရဲ့ သမီးငယ်လေး ဂေစီလင်းတို့ဟာ ဆေးရုံမှာ တည်ငြိမ်စွာရှိနေပြီလို့ သိရပါတယ်။ စားသောက်ဆိုင်ရဲ့ သန့်စင်ခန်းအတွင်းမှာ ကြုံတောင့်ကြုံခဲ ကလေးမွေးဖွားမှု ဖြစ်စဉ်အပေါ် Fil- Chick-A လုပ်ငန်းရဲ့ တာဝန်ရှိသူတွေဘက်ကလည်း အထူးဂရုပြု ဆောင်ရွက်ပေးနေပြီး မကြာခင်မှာတင် ဂေစီလင်းမွေးနေ့အတွက် သူတို့လုပ်ငန်းက ဦးဆောင်ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင့် ဂေစီလင်းကို ဆင်းဒဝှစ်လုပ်ငန်းဘက်က သူတို့စားသောက်ဆိုင်တွေမှာ တသက်တာ စားသုံးခွင့်ပေးမှာဖြစ်သလို့ ဂေစီလင်း အသက် ၁၄ နှစ်ပြည့်ချိန်ကစလို့ သူတို့လုပ်ငန်းမှာ အလုပ်ပေးဖို့ကိုလည်း အာမခံခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up