မွေးကင်းစကလေးကိုချီပိုးပြီး တိုင်ပတ်အက ကပြခဲ့သည့် မိခင်ရုပ်သံ ရေပန်းစား

July 19, 2017

မွေးကင်းစကလေးကိုချီပိုးပြီး တိုင်ပတ်အက ကပြခဲ့သည့် မိခင်ရုပ်သံ ရေပန်းစား

တိုင်ပတ်အက ကဖို့ဆိုတာ တကယ့်ကို မလွယ်ကူပေမယ့် ဒီအမျိုးသမီးကတော့ တကိုယ်တည်းတင်မကဘဲ မွေးကင်းစကလေးငယ်ကိုပါ ချီပိုးပြီး အံ့ဖွယ် အစွမ်းပြနိုင်ခဲ့တာပါ။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ လီယမ် ဘတ်ခ်လန်းဒ်ဟာ ဝစ်တ်ရှိုင်းယားပြည်နယ်၊ မက်လ်ခ်ရှမ်းမြို့က ဖြစ်ပြီး သမီးဖြစ်သူ ပိုင်ဆလေရုစ်ကို လွန်ခဲ့တဲ့ ၃ လကမှ မွေးဖွားခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ သမီးငယ်ကို ရင်ဘတ်မှာ သိုင်းကြိုးနဲ့ တွယ်ပိုးချီထားခဲ့ကာ တိုင်ကို ကျွမ်းကျင်စွာပတ်ပြီး ကပြနိုင်ခဲ့တာကို တွေ့ရမှာပါ။ သမီးငယ်ဟာ တိုင်နဲ့ သူ့ရင်ခွင်ကြားမှာ ရှိနေခဲ့တာဖြစ်ပြီး ဒီလိုဟန်ချက်ညီညီကပြဖို့ဆိုတာ တကယ့်ကို မလွယ်လှပါဘူး။ လီယန်က “ကျမက သမီးလေးကို စတူဒီယိုထဲ သိုင်းကြိုးနဲ့ချီပြီး ခေါ်လာနေကျပါ။ ခုတော့ သူက ၃ လသမီး ဖြစ်နေပြီဆိုတော့ ဇက်လည်းခိုင်နေပြီ။ အဲတော့ ကျမက သူ့ကို တင်းတင်းကျပ်ကျပ်လွယ်ပိုးပြီး ချီနိုင်တာပေါ့။ ကျမ တိုင်ပတ်အက ကနေတဲ့ တလျှောက်လုံး သူက ပြုံးနေခဲ့တာ” လို့ ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ဒီအားကစားနည်းကို စတင်ကစားခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up