မွေးကင်းစ

August 16, 2015

မွေးကင်းစ နှုတ်ခမ်းကွဲ ကလေးငယ်ကို စူပါမားကက်တွင် စွန့်ပစ်

မွေးရာပါ နှုတ်ခမ်းကွဲကလေးငယ်တဦးကို တရုတ်နိုင်ငံ၊ ဖန်တိုင်းခရိုင်က စူပါမား ကက်တခုမှာ စွန့်ပစ်ခဲ့ပါတယ်။ ၁၀ ရက်သားအရွယ်သာရှိသေးတဲ့ အဲဒီကလေးငယ်ကို မနက် ၅ နာရီမှာ စူပါမား ကက်ရှေ့တံခါးနားမှာ စွန့်ပစ်ခဲ့တာကို အနီးနား နေထိုင်တဲ့ အမျိုးသမီးတဦးက တွေ့ရှိခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ မနက်ခင်းလမ်းလျှောက်ထွက်ချိန်မှာ သူက ကလေးကိုမတွေ့ခဲ့ပဲ အိမ်ကိုရောက်ချိန် ကလေးငိုသံကြားလို့ ထွက်ကြည့်ချိန်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ကလေးအနီးမှာ မွေးကင်းစကလေး အသုံးအဆောင်ပစ္စည်းတွေ ပါဝင်တဲ့ အနီရောင်အိတ်တအိတ်ကိုလည်း တွေ့ရှိခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဆူညံသံတွေကြားရတဲ့အတွက် စူပါမားကက်ဆိုင်ပိုင်ရှင်ပါထွက်လာပြီး သူတို့က ကလေးကို စောင်နဲ့ပတ်ပြီး နွေးနွေးထွေးထွေးထားခဲ့ပါတယ်။ ဖန်တိုင်းခရိုင်ရဲတွေက ကလေးငယ်ကို ချက်ချင်း ဆေးရုံပို့ဆောင်ခဲ့ပြီး လက်ရှိအခြေအနေမှာ ကလေးငယ်ဟာ ကျန်းမာတယ်လို့ သတင်းကဆိုပါတယ်။ အဲဒီကလေးငယ်ကို လောလောဆယ် ဖန်တိုင်းခရိုင် ကလေးပြုစုစောင့်ရှောက်ရေး ဂေဟာက လက်ခံထားပြီး ရဲတွေက သူ့မိဘတွေကို တွေ့နိုင်ဖို့ အပူတပြင်းလိုက်ရှာဖွေ နေကြတယ်လို့ ဆိုပါတယ်။
6 years Ago
Up