မျောက်ကလေးနှင့်ဆိတ်အုပ်စုကြားမှ ဆန်းကြယ်သည့် ချစ်ခြင်းမေတ္တာ (ရုပ်သံ)

A d v e r t i s e m e n t With Us

November 17, 2016

မျောက်ကလေးနှင့်ဆိတ်အုပ်စုကြားမှ ဆန်းကြယ်သည့် ချစ်ခြင်းမေတ္တာ (ရုပ်သံ)

တရုတ်နိုင်ငံမှာ မျောက်ကလေးတကောင်ဟာ ဆိတ်အုပ်စုတစုနဲ့ ပူးပေါင်းမိသွားခဲ့ ပြီးနောက်မှာတော့ သူဟာ မိသားစုသစ်တခုသဖွယ် တကောက်ကောက်လိုက်ပါနေခဲ့ပါ တယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဇီးခရိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆိတ်တွေကို လွှတ်ကျောင်းထားပြီး ပြန်အသိမ်းမှာ ဆိတ်မွေးမြူရေးခြံလုပ်ငန်းရှင် ဟောင်ရှုးက သတိပြုမိခဲ့တာပါ။ “ဒီမျောက်ကလေးဟာ ဒီကိုရောက်နေခဲ့တာ လေးငါးရက်လောက်ရှိနေပါပြီ။ ဆိတ် တွေနဲ့အတူနေနေရတာ သူ့အတွက် လုံခြုံနေတယ်လို့ ခံစားရတဲ့ပုံပါပဲ။ ကျနော် ဆိတ်တွေ ထားတဲ့ နေရာကို သွားပိတ်တဲ့အချိန်တိုင်း ဆိတ်တကောင်ရဲ့ ကျောခုံးပေါ်မှာ ချီပိုး လျက်သားလိုက်ပါနေတဲ့ မျောက်ကလေးကို တွေ့ရတာပါပဲ။ သူ့ကို ငှက်ပျောသီးတွေ ကျွေးခဲ့ပေမယ့် သူဟာ မစားပဲ ဆိတ်တွေနဲ့သာ နီးနီးကပ်ကပ် လက်ပွန်းတတီးရှိနေခဲ့တာပါ။” အဆိုပါမျောက်ကလေးဟာ ဆိတ်အုပ်စု အပြင်ထွက်တဲ့အချိန်တိုင်း မျက်စိအောက်က အပျောက်မခံဘဲ တကောင်ကောင်ရဲ့ ကျောခုံးပေါ်မှာ ပါသွားခဲ့ကာ ညအိပ်ချိန်မှာလည်း သူတို့အတူတူပဲ အိပ်နေကြတာပါ။ ဟောင်က ဒီမျောက်ကလေးဟာ ဆိတ်မကြီးတကောင်ကို သူ့ရဲ့ မိခင်လို့ ယူဆပြီး ခွဲခြားမရနိုင်အောင် ရှိနေပုံပဲလို့ ပြောပါတယ်။ ဒီဒေသဟာ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေကို လုပ် ဆောင်နေပြီး ဒီမျောက်ကလေးကို အနီးနားက ရီချွမ်တိရစ္ဆာန်ဥယျာဉ်ကို ရွှေ့ပြောင်းပြီး စောင့်ရှောက်ထားဖို့ ပြင်ဆင်နေတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up