မေးမြန်းချက် (ရုပ်သံ)

June 17, 2017

တနိုင်ငံလုံးတွင် အမှတ်အများဆုံးဖြင့် ပထမရရှိခဲ့သူ မောင်သုတရဲမိုးနှင့်မေးမြန်းချက် (ရုပ်သံ)

၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဒီနေ့ တနိုင်ငံလုံးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနှစ်မှာ ဖြေဆိုသူပေါင်း ၇၁၆၁၈၈ ရှိပြီး ၂၄၂၇၃၆ အောင်မြင်တာကြောင့် အောင်ချက်ရာခိုင်နှုန်းက ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။ ၆ ဘာသာဂုဏ်ထူးရှင်ပေါင်း ၈၀၉ ယောက်ရှိခဲ့ပြီး တနိုင်ငံလုံးမှာ အမှတ်အများဆုံးကတော့ ရန်ကင်း အထက ၂ က ကျောင်းသား မောင်သုတရဲမိုး  (၅၅၅ မှတ်) ဖြစ်ပါတယ်။ တစ်ရက်ကို ၆ နာရီ စာကြည့်ပေမယ့် အလွတ်ကျက်နေရုံနဲ့ အလုပ်မဖြစ်ဘူးလို့ ဆိုလာတဲ့ မောင်သုတရဲမိုးရဲ့ ကြိုးစားအားထုတ်ခဲ့ပုံတွေကို ဒီဗွီဘီသတင်းထောက် ထက်လူက သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ ရုပ်သံဖိုင်ကြည့်ရှုရန်
4 years Ago

February 11, 2017

မြန်မာ့ပထမဆုံးသမ္မတ စပ်ရွှေသိုက်၏သမီးနှင့် မေးမြန်းချက် (ရုပ်သံ)

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျရောက်မယ့် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာဖြစ်သလို ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲကိုတက်ရောက်လာတဲ့ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်ရဲ့ သမီး စ၀်ဟေမာသိုက်ကို ဒီဗွီဘီ သတင်းထောက် ကိုသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
4 years Ago
Up