မော်​လူးဒေသ ​နောင်​ကွတ်​​ကျေးရွာတွင် ​ရှေး​ဟောင်းပစ္စည်းများ​တွေ့ရှိ

June 24, 2018

မော်​လူးဒေသ ​နောင်​ကွတ်​​ကျေးရွာတွင် ​ရှေး​ဟောင်းပစ္စည်းများ​တွေ့ရှိ

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင် အင်း​တော်​မြို့နယ်​၊ ​မော်​လူး​ဒေသ ကုန်းခါး​ကျေးရွာအုပ်​စု၊ ​နောင်​​ကွတ်ကျေးရွာ အ​ရှေ့ဘက်​ လယ်​ကွင်းထဲမှာ ​ရှေး​ဟောင်းပစ္စည်းတွေ ​တွေ့ခဲ့တယ်လို့ မော်​လူး ​ရှေး​ဟောင်းအ​မွေနှစ်​ထိန်းသိန်း​ရေးအသင်း အတွင်း​ရေးမှူး ကိုချိတ်က ပြောပါတယ်။ ဦးမြင့်​အောင်​၊ ဒေါ်ခင်​စန်းဝင်းတို့ ပိုင်တဲ့ လယ်​ကွင်းအတွင်း ထယ်​ထိုး​နေချိန် ​ရှေး​ဟောင်းပစ္စည်းတွေလို့ ယူဆရ​တဲ့ သံ ဓားရှည်​ ကြီး ၃​ ချောင်း၊ သံဓားအ​သေး ၁၃ ​ချောင်း၊ ​မြေအိုးအ​ကောင်း ၂ လုံး၊ ​မြေခွက်​ ၂ ခွက်​၊ လက်​​ကောက်​ ၁ ကွင်း၊ အိုးခြမ်းပဲ့ ၁၉ ခု တို့ကို ​တွေ့ရှိခဲ့​တာလို့ ဆိုပါတယ်။ “လွန်​ခဲ့​သော ၅ နှစ်​ခန့်​ကလည်း ကျမတို့ ဒီလယ်​ထဲမှာ ထယ်​ထိုးရင်း ​ဆွေး​မြေ့​နေ​တဲ့ ဒိုင်းပုံစံ ၁ ခု ၊ ဓား၊ ​မြေအိုး ရခဲ့ဖူးပါတယ်​” လို့ လယ်​ပိုင်​ရှင်​ ​ဒေါ် ခင်​စန်းဝင်း က ​ပြောပါတယ်။ “တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများကို ဘယ်ခေတ်ကာလကဆိုတာ သိရအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စီစဉ်ဆောင်ရွက်နေတယ်” လို ကိုချိတ်​က ပြောပါတယ်။ ​ရှေး​ဟောင်းအ​မွေနှစ်​ပစ္စည်းများ​တွေ့ရှိရာ နေရာကို ​ဇွန် ၂၃ ရက်နေ့က မော်​လူး ​ရှေး​ဟောင်းအ​မွေနှစ်​ ထိန်းသိမ်း​ရေးအသင်းနဲ့ ကုန်းခါး​ကျေးရွာ တာဝန်ရှိသူတွေ သွား​ရောက်​ ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)  
3 years Ago
Up