မော်ရိုကို

March 21, 2016

မော်ရိုကိုနိုင်ငံ ဘောလုံးပွဲတခုအတွင်း ရန်ပွဲဖြစ်၊ ၂ ဦးသေ၊ ၅၄ ဦး ဒဏ်ရာရ (ရုပ်သံ)

မော်ရိုကိုနိုင်ငံမြို့တော်၊ ကက်ဆာဘလန်ကာမှာ မတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့ ဘောလုံးပွဲတခုအတွင်း ပရိသတ်တွေကြား ရန်ပွဲဖြစ်ပွားခဲ့လို့ ၂ ဦးသေဆုံးခဲ့ပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရာဂျာဒီ ကက်ဆာဘလန်ကာအသင်းနဲ့ ချာဘက်ရစ်ဖ် အယ်လ်ဟိုဆီမာအသင်းတို့ ကစားကြတဲ့ ပွဲအပြီးမှာ မိုဟာမက်ဗွီအားကစားကွင်းအတွင်း ဆိုးဆိုးဝါးဝါး ခိုက်ရန်ဖြစ်ပွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ကွင်းအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ချိန်မှာ တချို့က အံ့သြမင်သက်ပြီး ရပ်နေခဲ့ကြကာ  တချို့ကတော့ ကြောက်လန့်တကြား ကစဥ့်ကလျား ထွက်ပြေးခဲ့ကြတာပါ။ မော်ရိုကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဒါရိုက်တာအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့  သေဆုံးသွားသူ ၂ ဦးကို ဆေးရုံကို ပို့ဆောင်ထားပြီး တဦးက ချွန်ထက်တဲ့လက်နက်တခုနဲ့ ထိုးခံရလို့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တခြား ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅၄ ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒီရန်ပွဲဖြစ်ပွားမှုမှာ ပါဝင်တဲ့သူ ၄၁ ဦးကို ဖမ်းဆီးထားပြီး ဒေသတွင်း အာဏာပိုင်တွေက ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
6 years Ago

September 9, 2015

သေဆုံး ဆီးရီးယား ဒုက္ခသည် ကလေးငယ်ကို မော်ရိုကို ချီးမြှောက်ဂုဏ်ပြု

မော်ရိုကို နိုင်ငံ ရတ်ဘတ်ကမ်းခြေမှာ ဒါဇင်နဲ့ချီတဲ့ မော်ရိုကို နိုင်ငံသားတွေက အရင်တပတ် တူရကီကမ်းခြေမှာ သေဆုံးသွားတဲ့ လမ်းလျှောက်တတ်စ ဆီးရီးယားဒုက္ခသည် ကလေးငယ်ကို ချီးမြှောက် ဂုဏ်ပြုခဲ့ပါတယ်။ လူ ၃၀ နီးပါးက ကလေးငယ်သေဆုံးနေတဲ့ နှလုံးကြေကွဲဖွယ်ရာပုံကို ပြန်လည်ပုံဖော် လုပ်ဆောင်ခဲ့ကြပါတယ်။ စစ်ကြောင့် ဆီးရီးယားကနေ ထွက်ပြေးလာတဲ့ အသက် ၃ နှစ် ကလေးငယ်လေး အိုင်လန်ကာဒီက တူရကီကမ်းခြေမှာ သောင်ပြင်ကို မျက်နှာအပ်ပြီး သေဆုံးနေတဲ့ ဓာတ်ပုံဟာ ကမ္ဘာတ၀န်း ပျံ့နှံ့ခဲ့ပါတယ်။ ဒီဓာတ်ပုံကြောင့် ဆီးရီးယား ဒုက္ခသည်အရေး နိုင်ငံတကာမှာ ပိုမိုကျယ်လောင်သွားစေပါတယ်။ ဆီးရီးယားစစ်ပွဲကြောင့် ဂရိကို ရေကြောင်းခရီးစဉ်ကနေ တဆင့် ထွက်ပြေးလာတဲ့ ကလေးငယ်ဟာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လူ ၄ သန်းနီးပါး ဆီးရီးယားကနေ ထွက်ပြေးပြီး တခြားနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းခံနေတယ်လို့ သတင်းတွေက ရေးပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ 11214081_1036923833015103_903118942743558615_n 12002310_1036923823015104_5249013239090311435_n 12004695_1036923816348438_2417417211533245385_n
6 years Ago
Up