မော်ရိုကို

June 21, 2018

ရော်နယ်ဒို၏ သွင်းဂိုးဖြင့် ပေါ်တူဂီက မော်ရိုကိုကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ကယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလား အုပ်စု ဘီ ဒုတိယပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ မော်ရိုကိုအသင်းကို တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူတာပါ။ ဒီပွဲမှာလည်း ပေါ်တူဂီအတွက် လိုအပ်တဲ့ အနိုင်ဂိုးကို ရော်နယ်ဒိုက သွင်းယူနိုင်လို့ သွင်းဂိုး ၄ ဂိုးအထိ ရှိနေပါတယ်။ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒီပွဲမှာ ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ မော်ရိုကိုအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပေမယ့် ပေါ်တူဂီဂိုးသမား ကာကွယ်နိုင်လို့ ချေပဂိုး မပေးရတာပါ။ မော်ရိုကိုဟာ ကစားထားတဲ့ ၂ ပွဲစလုံး ရှုံးတာကြောင့် အုပ်စုကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။ ပေါ်တူဂီကတော့ ရမှတ် ၄ မှတ်နဲ့ အုပ်စု ဘီကို ဦးဆောင်နေပါတယ်။ ဒီအုပ်စုက အုပ်စုနောက်ပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ အီရန်၊ စပိန်နဲ့ မော်ရိုကိုတို့ ဇွန်လ ၂၆ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago

June 16, 2018

အီရန်က မော်ရိုကိုအသင်းကို အချိန်ပိုမိနစ်သွင်းဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

အုပ်စု (ဘီ) အဖွင့်ပွဲစဉ်ကို မနေ့က ယှဉ်ပြိုင်သွားရာမှာ အီရန်က မော်ရိုကိုအသင်းကို အချိန်ပိုမိနစ်မှာ ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ အီရန်အသင်းအတွက်တော့ ကမ္ဘာ့ဖလားသမိုင်းမှာ ၁၉၉၈ နောက်ပိုင်း ပထမဆုံး အနိုင်ရတဲ့ ပွဲစဉ်အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲမှာ အာဖရိအသင်းဖြစ်တဲ့ မောရိုကိုက ကွင်းလယ်မှာ အသာစီးယူပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ ပထမပိုင်းမှာ မော်ရိုကို ကစားသမားတွေ အခွင့်အရေးရပေမယ့် ဖြုန်းတီးခဲ့သလို အီရန်ဂိုးသမား လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အီရန်အတွက် တလုံးတည်သော အနိုင်ဂိုးကို ၉၅ မိနစ်မှာ မော်ရိုကို ကစားသမား ခေါင်းတိုက်ပြီး ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ အီရန်တို့ အနိုင်ရသွားတာပါ။ အုပ်စု ဒုတိယပွဲစဉ်မှာ အီရန်က စပိန်၊ ပေါ်တူဂီက မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up