မော်လမြိုင်-ရန်ကုန်

July 30, 2018

မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်း ရေနစ်မြုပ်နေ၍ လေကြောင်းသွားလာသူများ (ဓာတ်ပုံ)

ဇူလိုင် ၂၆ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းလို့ မြစ်ရေလျှံတက်ပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့က လူနေရပ်ကွက်တွေနဲ့ မြို့အနီးက ဖြတ်သန်းသွားတဲ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ အစိတ်ပိုင်းတချို့ ရေနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့အထိ မြစ်ရေထပ်တိုးလာခြင်းမရှိပေမယ့် ရေတန့်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေနဲ့ အဝေးပြေးလမ်းမမှာ ရေနစ်မြုပ်နေဆဲဖြစ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေက ဆက်လက်လုပ်ဆောင်နေရဆဲပါ။ ရေလျှံနေတဲ့အတွက် အဝေးပြေးလမ်းမမှာ အဝေးပြေးကုန်တင်ယာဉ်၊ ခရီးသွားယာဉ်တွေ သွားလာလို့မရဘဲ ပိတ်မိတာတွေရှိနေသလို၊ ရထားလမ်းမှာလည်း ရေနစ်မြုပ်နေလို့ ရထား ခရီးစဉ်တွေ ယာယီရပ်နားထားရလို့ လေယာဉ်နဲ့ ခရီးသွားလာသူတွေ များနေတယ်လို့ သိရပါတယ်။
3 years Ago
Up