မော်လ်တာ

March 27, 2019

ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် စပိန်က မော်လ်တာကို ၂ ဂိုး ဂိုးမရှိဖြင့်နိုင် (ရုပ်သံ)

ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အက်ဖ် က မော်လ်တာနဲ့ စပိန်တို့ မနေ့က ယှဉ်ပြိုင်ရာ စပိန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ စပိန်အသင်းဟာ တိုက်စစ်မှာ မိုရာတာ၊ အဆန်ဆီယိုနဲ့ ဘားနတ်တို့ကို အသုံးပြုခဲ့ပြီး အိမ်ရှင်အသင်းကို ဖိအားပေး ကစားခဲ့တာပါ။ အဝေးကွင်းမှာ ကစားရပေမယ့်လည်း စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၈၄ ရာခိုင်နှုန်းအထိ ရယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ စပိန်အတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို တိုက်စစ်မှူး မိုရာတာ တဦးတည်းက ပွဲချိန် ၃၁ မိနစ်နဲ့ ၇၃ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။ စပိန်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အက်ဖ်မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး မော်လ်တာကတော့ ရမှတ် ၃ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
2 years Ago
Up