စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီး မနေ့ ညနေက အင်အား ၄ ဒသမ ၀ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးဇလဌာနကက ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၄ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ ၃၇ မိနစ် ၄၆ စက္ကန့်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၄ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက် ၃၁ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၈၅ ဒီဂရီ၊ အနက် ၁၂၁ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတာပါ။
ဓာတ်ပုံ - မိုးဇလ
5 years Ago