မော်ရင်ဟို ပြစ်တင်

December 24, 2017

လက်စတာနှင့်ပွဲ အသင်းသားများကို မော်ရင်ဟို ပြစ်တင်

လက်စတာကို တစ်ယောက်အသာရပေမယ့် သရေရလဒ်သာ စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းသားတွေဟာ ကလေးဆန်ပြီး သူ့ရဲ့ နည်းဗျူဟာကို လိုက်နာခြင်း မရှိခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟို ကပြောကြားလိုက်ပါတယ်။ လက်စတာစီးတီးအသင်းကို အချိန်ပို ၉၄ မိနစ်မှာ နောက်ကျချေပဂိုးပေးခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ အပိုင်ရမှတ် ၃ မှတ် ဆုံးရှုံးခဲ့ရပြီးတော့ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့လည်း ၁၃ မှတ်ထိ ကွာဟလာခဲ့ပါတယ်။ ဒါ့အပြင် မနေ့ညက ပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၆၀ အထိ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့အပြင် ၇၃ မိနစ်မှာ လက်စတာအသင်းက အမာတေး အနီကတ်ပြခံခဲ့ရလို့ တယောက်အသာနဲ့ ကစားခဲ့ရပါတယ်။ ဂိုးကန်သွင်းခွင့် ၁၆ ကြိမ်ထိ ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ယောက် အသာရပေမယ့်လည်း ဂိုးထပ်မံမရရှိခဲ့တဲ့အပြင် အချိန်ပို ၄ မိနစ်မှာ လက်စတာ နောက်ခံလူ မက်ဂွဲရီက ခြေပဂိုးသွားယူသွားခဲ့တဲ့ ဂိုးကြောင့် ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက် တဖြည်းဖြည်းမှေးမှိန်သွားခဲ့ပါတယ်။
3 years Ago
Up