မော်ရင်ဟိုနှင့်

May 17, 2017

မော်ရင်ဟိုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိဟု စမောလင်းပြော

နည်းပြ မော်ရင်ဟိုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ မန်ယူနောက်တန်းကစားသမား စမောလင်းက ပြောကြားလိုက်ပါတယ်။ စမောလင်းအနေနဲ့ မကြာခဏ ဒဏ်ရာတွေ ရရှိနေတာကြောင့် သူ့ရဲ့ကြံ့ခိုင်မူ အခြေအနေကို နည်းပြမော်ရင်ဟိုက ဝေဖန်ခဲ့တာနဲ့ ပတ်သက်ပြီး စမောလင်းက ပြန်လည်ဖြေရှင်းခဲ့တာပါ။ မော်ရင်ဟိုအနေနဲ့ အင်္ဂလန်နောက်ခံလူတွေဖြစ်တဲ့ စမောလင်း၊ ဖေးလ်ဂျုံးနဲ့ လုခ်ရှောတို့ရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတာပါ။ ကစားသမားတယောက်အနေနဲ့ ကွင်းပြင်မှာ နေရတာကို နှစ်သက်ခြင်း မရှိတာကြောင့် အခုလို ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း စမောလင်းက ဆိုပါတယ်။ ဒီနှစ်ရာသီမှာ မန်ယူအသင်းအနေနဲ့ လိဂ်ဖလားတလုံးနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်နေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့တာဟာ ကျေနပ်စရာရလဒ် မဟုတ်ဘဲ လာမယ့်ဘောလုံးရာသီမှာ ဒီလိုမဖြစ်အောင် ကြိုးစားရမယ်လို့လည်း စမောလင်းကပြောကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိ အင်္ဂလန်လက် ရွေးစင်စမောလင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရတာကြောင့် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲပဲ ကစားခဲ့ရပါတယ်။
4 years Ago
Up