မော်ရင်ဟိုကို အသုံးစရိတ် ထုတ်ပေးမည်

March 4, 2018

နွေရာသီအပြောင်းအရွှေ့ ကစားသမားဝယ်ယူရန် မော်ရင်ဟိုကို အသုံးစရိတ် ထုတ်ပေးမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မော်ရင်ဟိုကို အသုံးစရိတ်ထုတ်ပေးဖို့ ပြန်လည် ဆုံးဖြတ်လိုက်တာကြောင့် ဘောလုံးကွင်းကို ပရိသတ် ၈၈, ၀၀၀ ဆံ့အောင် တိုးချဲ့မယ့် အစီအစဉ်ကို ရပ်ဆိုင်းရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ ပွဲကြည့်စင်အနေအထားကို အဆင့်မြှင့်တင်ရန်ဖို့နဲ့ ပရိသတ်တွေ ပိုမိုအားပေးကြည့်ရှုနိုင်ဖို့ လက်ရှိ ၇၅, ၀၀၀ ဆံ့ကွင်းကို တိုးချဲ့ဖို.စီစဉ်ခဲ့တာပါ။ အဲဒီအစီအစဉ်ကို သုံးသပ်ပြီးနောက် အသင်းရဲ. ဦးစားပေးအစီအစဉ်မှာ ကစားသမားအင်အား တောင့်တင်းလာစေဖို့ နည်းပြကို အပြောင်းအရွှေ့ အသုံးစရိတ် ထုတ်ပေးမှာဖြစ်ကြောင်း အသင်း  အတွင်းလူတဦးက ပြောတယ်လို့ ဒေးလီးမေးလ်သတင်းးမှာ ဖော်ပြထားပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းရဲ့ လက်ရှိပုံစံမှာ ဆူညံစူးရှတဲ့အသံတွေ ဖန်တီးနိုင်စွမ်းနည်းတယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပြီး မော်ရင်ဟိုကလည်း အသင်းအမှုဆောင်ဒုဥက္ကဋ္ဌ ဝုဒ်ဝက်ဒ်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ မော်ရင်ဟိုရဲ့ အသင်းမှာ ပရီးမီးယားလိဂ်ဦးဆောင်သူ မန်စီးတီးနောက် ၁၃ မှတ်အကွာမှာရှိနေပြီး ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားပြိုင်ပွဲတွေလည်း ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၃၂ နှစ်ရှိ ပြီဖြစ်တဲ့ အက်ရှ်လေယန်း၊ ဗလင်စီယာစတဲ့ သက်ကြီးကစားသမားတွေအပေါ် မှီခိုနေရပါသေးတယ်။
4 years Ago
Up