အလယ်အလတ်အသင်းတွေရဲ့ နည်းပြရာထူးက မိမိနဲ့ မသက်ဆိုင်ဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
နယူးကာဆယ်အသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မော်ရင်ဟိုက ပြောကြားလိုက်တာပါ။
နယူးကာဆယ်အသင်းဟာ နည်းပြ ဘင်နီတက်ဇ်နဲ့ လမ်းခွဲလိုက်တာကြောင့် နည်းပြရာထူး လစ်လပ်နေပြီး မော်ရင်ဟိုနဲ့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မိမိအနေနဲ့ ဆုဖလားတွေရယူဖို့ ရည်မှန်းချက်ရှိတဲ့ အသင်းတွေကိုပဲ ကိုင်တွယ်လိုပြီး အဆင့် ၇၊ ၈ နဲ့ ၉ လောက်မှာ ရပ်တည်နိုင်ရင်ပဲ အဆင်ပြေတဲ့ အသင်းတွေကို ကိုင်တွယ်ဖို့က မိမိအတွက် မဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။
မော်ရင်ဟိုဟာ မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေပါတယ်။
4 years Ago