မော်ရင်ဟို ပြော

February 18, 2018

ပေါ့ဘာ ကိစ္စကို အာရုံထဲမထည့်ဟု မော်ရင်ဟို ပြော

မ​နေ့ညကယှဉ်​ပြိုင်​ကစားခဲ့တဲ့ အက်​ဖ်​​အေဖလားပွဲစဉ် ​ဟက်​ဒါဖီးလ်​အသင်းနဲ့ပွဲမှာ ပေါ့ဘာ ပါဝင်​လာမှုမရှိခြင်းနဲ့ပတ်​သလို့ မော်​ရင်​ဟိုက အာရုံထဲမထည့်လိုပဲ ​ပွဲစဉ်​ကိုသာ အာရုံစိုက်​သွားလိုတယ်​လို့​ ပြောပါတယ်​။ “အရိုးသားဆုံးဝန်​ခံရရင်​ မသိဘူးလို့​ ပြောရမှာဖြစ်​ပြီး ဂရုလည်းမစိုက်​ဘူး” လို့ မောင်ရင်ဟိုက ​ပြောကြားခဲ့ပါတယ်​။ မော်​ရင်​ဟိုနဲ့​ပေါ့ဘာတို့ဟာ မကြာ​သေးတဲ့အချိန်​က ပြဿနာကြီးကြီးမားမားရှိ​နေခဲ့ပြီး​တော့ စပါး၊ နယူးကာဆယ်​အသင်းတို့နဲ့ ပွဲစဉ်​​တွေမှာလည်း လူစားလဲခံခဲ့ရပါတယ်​။ ဒါ့အပြင်​​ မော်​ရင်​ဟိုက ​ပေါ့ဘာအ​နေနဲ့ အရန်​ခုံမှာ ခဏထိုင်​​နေတာ ပို​ကောင်းနိုင်​မှာ ဖြစ်​ပါတယ်​။ ဒါ​ပေမယ့် သူ့ရဲ့​ခြေစွမ်းကို ထုတ်​​ဖော်​ပြသနိုင်​ဖို့ လိုအပ်​ပြီး မန်​ချက်​စတာယူနိုက်​တက်​အသင်းမှာ ရုန်းကန်​​နေရတာ ​ပေါ့ဘာတယောက်​တည်း မဟုတ်​ဘူးလို့ ဆိုပါတယ်​။ မန်​ချက်​စတာယူနိုက်​တက်​အသင်းဟာ ဟက်​ဒါဖီးလ်​အသင်းကို အ​ဝေးကွင်းမှာ လူကာကူရဲ့ သွင်း​ဂိုး ၂ ဂိုးနဲ့ အနိုင်​ရရှိပြီး​ ကွာတားဖိုင်နယ်မှာ ချန်​ပီယံရှစ်​ကလပ်​ ဘရိုက်​တန်​အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago

December 30, 2017

ပွဲပန်းနေသည့် လူကာကူကို အနားမပေးနိုင်သေးကြောင်း မော်ရင်ဟို ပြော

လူကာကူအနေနဲ့ မောပန်းနေပေမယ့်လည်း သူ့ရဲ့ ပေါင် ၇၅ သန်းတန် တိုက်စစ်မှူးကို အနားပေးဖို့ မဖြစ်နိုင်သေးဘူးလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ ၁၉ ပွဲမှာ မိနစ်တိုင်း ကစားထားပြီးတော့ ၁၉ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်တော့သလို အမှားတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ “လူကာကူဟာ ပွဲပန်းတဲ့ဒဏ်ကို ခံစားနေရပြီးတော့ နောက်ထပ်တိုက်စစ်မှူး တဦးဖြစ်တဲ့ ဇလာတန် အီဗရာဟီမိုဗစ်ဟာလည်း ဒူးဒဏ်ရာ အရှင်းမပျောက်ကင်းသေးဘဲ ဖြစ်နေပါတယ်။ “လူကာကူဟာ ပင်ပန်းနေပါပြီ။ ဒါပေမယ့် အနားယူခိုင်းဖို့ ကျနော်မတတ်နိုင်သေးပါဘူး။ ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာ သူက မွန်းစတားတကောင်ပါ။ ဒါပေမယ့် စက်ရုပ်မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ လက်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီးတော့ ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၅ မှတ်ထိ ကွာဟနေခဲ့ပါတယ်။
4 years Ago
More News
Up