မော်ရင်ဟို မန်ယူအသင်းနှင့်

January 17, 2018

မော်ရင်ဟို မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ရန် နီးစပ်နေ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းမန်နေဂျာ မော်ရင်ဟိုနဲ့ သဘောတူညီမှု စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီး အသင်းမှာ ဆက်လက်ရှိနေဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ သူ့ရဲ့ လက်ရှိ သက်တမ်းကုန်ဆုံးချိန် ၂၀၁၉ ခုနှစ်အလွန်မှာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမယ်ဆိုတဲ့ ကတိပြုပြီးချိန်မှာ ခုလိုသတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး နှစ်ဖက် ဆွေးနွေးမှုတွေအရ အခြေအနေတွေလည်း ကောင်းမွန်နေခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ ပေးနေကြတဲ့အပေါ်ကိုတော့ ဒါတွေဟာ အမှိုက်တွေပဲလို့ အခုလအစောပိုင်း သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့တာပါ။ အသက် ၅၅ နှစ်အရွယ် မန်နေဂျာဟာ မန်ယူအသင်းကို ၂၀၁၆ ခုနှစ်၊ မေလမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ရာသီအစမှာပဲ အီးအက်ဖ်အယ်လ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
3 years Ago
Up