မော်ရင်ဟိုနှင့် မန်ယူ ၂ ရက်မြောက် ဆက်လက်ဆွေးနွေး

May 25, 2016

မော်ရင်ဟိုနှင့် မန်ယူ ၂ ရက်မြောက် ဆက်လက်ဆွေးနွေး

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ မော်ရင်ဟိုတို့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ၂ ရက်မြောက် ဆက်လက်ဆွေးနွေးနေပါတယ်။ မေ ၂၄ ရက်က မော်ရင်ဟိုရဲ့ ကိုယ်စားလှယ် ဂျော့မန်ဒီက မန်ယူအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် သဘောတူညီချက်ကို အခုထိ ထုတ်ပြန်ကြေညာနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ မန်ဒီက မန်ယူရဲ့ ဒု-ဥက္ကဋ္ဌ အက်ဝပ်ဝဒ်နဲ့ လန်ဒန်မှာ ဆွေးနွေးခဲ့သလို ဆွေးနွေးမှုက မေ ၂၅ ရက်အထိ ဆက်လက် ကြာမြင့်မယ်လို့ ဆိုပါတယ်။ မန်ယူက မော်ရင်ဟိုကို ခန့်အပ်ဖို့ အစီအစဉ်ကို အရင်က ကစားသမားတွေဖြစ်တဲ့ ပီတာ ရှမိုက်ကယ်နဲ့ ဟာလ်းစီးတီးနည်းပြ စတိဗ်ဘရုစ်တို့က ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် မန်ယူကစားသမားဟောင်း ကန်တိုနာကတော့ မော်ရင်ဟိုကို ကြိုက်နှစ်သက်ပေမယ့် သူ့ရဲ့ ကစားပုံက မန်ချက်စတာ ယူနိုက်တက် မဟုတ်ဘူးလို့ ပြောပါတယ်။ အသက် ၆၄ နှစ်အရွယ် ဗန်ဂါးလ်ကို အက်ဖ်အေဖလားရရှိပြီး ၂ ရက်အကြာ မေ ၂၃ ရက်မှာ မန်ယူနည်းပြရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ အုပ်စုကနေ ထွက်ခဲ့ရသလို အားနည်းတဲ့ တိုက်စစ်ပိုင်းအတွက် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
6 years Ago
Up