နာမည်ကြီး မော်ဒယ် ကင်ဒဲလ်ဂျန်နာက မေလ ၁၁ ရက်နေ့က ကျင်းပတဲ့ ၇၁ ကြိမ်မြောက် ကိန်းစ် (Cannes) ရုပ်ရှင်ပွဲတော်ကို ဘရာစီယာမဝတ်ဘဲ ပိုက်ကွန်လိုဂါဝန်ပါးပါးတိုတိုနဲ့ တက်ရောက်ခဲ့ပါတယ်။
ပွဲအတွင်း ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းကြုံးယူလိုက်တဲ့ အသက် ၂၂ နှစ်အရွယ် မော်ဒယ်က လူတွေအားလုံးရဲ့ မျက်လုံးတွေ သူမရဲ့ ခန္ဓာအလှကောက်ကြောင်းပေါ်ကို ရောက်မယ်ဆိုတာကို သေချာနေတာကလည်း သိပ်အံ့သြစရာမရှိပါဘူး။
ကော်ဇောနီပွဲတွေမှာ အမြဲလိုလို အခုလိုပုံစံမျိုး ဝတ်ဆင်တတ်တဲ့သူမက ဒီတကြိမ်မှာတော့ ဘရာစီယာ မဝတ်ဘဲ တဝက်တပျက် ထိုးဖောက်မြင်ရတဲ့ ပိုက်ကွန်လိုအစပါးပါး ဂါဝန်တိုတိုကို ဝတ်ဆင်ကာ တကိုယ်လုံးကို ဖော်ပြခဲ့တာပါ။
3 years Ago