မော်ဒယ်စူးရှထက်

June 8, 2018

တရားဥပ​ဒေအတိုင်း ဆက်​လက်လုပ်မည်ဟု မော်​ဒယ်​စူးရှထက်​ပြော

အဆို​တော်​ အစ္စဏီကို မုဒိမ်းမှု၊  ပြင်းထန်​စွာနာကျင်​​စေမှုတို့နဲ့ တရားစွဲဆိုထားတဲ့အ​ပေါ် တရားဥပ​ဒေကြောင်းအရ​ ဆက်​ပြီးလုပ်​​ဆောင်​သွားမယ်​လို့ မော်​ဒယ်​စူးရှထက်​က ​ပြောပါတယ်​။ ဒီအမှုကို တာ​မွေမြို့နယ်​တရားရုံးမှာ ဒီက​နေ့ ငါးကြိမ်​​မြောက်​ရုံးထုတ်​ခဲ့ပြီး တရားလို ​မော်​ဒယ်​စူးရှထက်​ကို ထပ်​မံစစ်​​ဆေးခဲ့ပါတယ်​။ ဒီ​နေ့ရုံးချိန်းမှာ​တော့ အဆို​တော်​အစ္စဏီက ​ရှေ့​နေ့​ပါဝါတ​ယောက်​ထပ်​​ပြောင်းခဲ့ပြီး ​ရှေ့​နေ​ပြောင်းရတဲ့ အ​ကြောင်းရင်းကို​တော့ မ​ပြောခဲ့ပါဘူး။ မော်​ဒယ်​စူးရှထက်​အား အဓမ္မပြုကျင့် နှိပ်စက်ခဲ့မှုနဲ့  အဆို​တော် အစ္စဏီကို​ ပုဒ်​မသုံးခုနဲ့ တရားစွဲဆိုထားတာပါ။ ပြီးခဲ့တဲ့ ရုံးချိန်းမှာတုန်းက​တော့ ​မော်​ဒယ်​စူးရှထက်​ရဲ့ ထွက်​ဆိုချက်​​တွေအ​ပေါ် လိမ်​​နေတာ​ပျော်ရဲ့လားဆိုပြီး အဆို​တော်​ အစ္စဏီက မီဒီယာ​တွေကတဆင့် ပြောကြား ခဲ့ပါတယ်​။
3 years Ago

June 1, 2018

အဆိုတော် အစ္စဏီအမှု တရားလို မော်ဒယ်စူးရှထက် လာရောက်စစ်ဆေးခံ

အဆို​တော်​ အစ္စဏီကို တရားစွဲဆိုထားတဲ့ အမူအတွက်​ ဇွန်​ ၁ ရက်​​နေ့ရုံးချိန်းမှာ တရားလိုဖြစ်​တဲ့ သရုပ်​​ဆောင်​​မော်​ဒယ်​စူးရှထက်​ တရားခွင်​ကို လာ​ရောက်​စစ်​​ဆေးခံခဲ့ပါတယ်​။ ပြီးခဲ့တဲ့ ရုံးချိန်း ၂ ​ချိန်းမှာ​တော့ တရားလို​ မော်​ဒယ်​စူးရှထက် ​​ရောက်​မလာတဲ့အတွက်​ ဒီ​နေ့ရုံးချိန်းမှာတော့ တရားလိုကို စတင်​စစ်​​ဆေးရမယ့်​​နေ့ပဲဖြစ်​ပါတယ်​။ အဆို​တော်​ အစ္စဏီကို ရည်းစား​ဟောင်းဖြစ်​သူ ​မော်​ဒယ်​စူးရှထက်​အား အပြင်းထန်​နာကျင်​​စေမှု၊ တုံး​သောလက်​နက်​နဲ့ နာကျင်​​စေမှု၊ မုဒိန်းမှုတို့နဲ့ တရားစွဲဆိုပြီး တာ​မွေတရားရုံးမှာ ရုံးတင်​စစ်​​ဆေး​နေတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က  မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ   ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်အား တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့  နာကျင်ပြီး သတိမေ့နေတုန်း နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲက သတင်းထုတ်ပြန်ထားပါတယ်။
3 years Ago
Up