မော်ဒယ်

May 15, 2019

ထူးခြားသည့် အသားအရေကြောင့် အောင်မြင်သည့်မော်ဒယ် ဖြစ်လာသည့် အမျိုးသား

အရေပြားမှာ အဖြူကွက်တွေထွက်လာတဲ့ တန်ဇန်းနီးယား အမျိုးသားတယောက်ဟာ အသားအရေ ထူးခြားချက်ကြောင့် ထင်ရှားတဲ့ မော်ဒယ်တယောက် ဖြစ်လာပါတယ်။ တန်ဇန်းနီးယားနိုင်ငံ စီးပွားရေးမြို့တော် ဒါရက်စ်ဆလမ်မှာ နေထိုင်တဲ့ မစ်ကီဒယ်အိုဟာ တခြား တန်ဇန်းနီးယား လူငယ်တွေလိုပဲ ဘတ်စကက်ဘော ကစားရတာ၊ စကိတ်စီးရတာကို နှစ်သက်ပါတယ်။ ဒါပေမယ့် ဒယ်အိုဟာ သူများနဲ့ မတူပါဘူး။ အဲဒါကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူ့ရဲ့ အရေပြားပေါ်မှာ အဖြူကွက်တွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပထမတော့ ဒယ်အိုတယောက် ရှက်ရွံ့စိတ် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း အသက်ကြီးလာတဲ့ အခါမှာတော့ ဒယ်အိုက သူ့ကိုယ်သူ မော်ဒယ်လောကမှာ ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့ပါတယ်။ “လူတိုင်းမှာ ကျေနာ့်လို ထူးခြားတဲ့အရာတွေ ရှိပါတယ်။ ကေ်နာ့္အသားအေရက ကေ်နာ့္ကုိ ထူးခြားစေတယ်လေ။ တခြားလူတွေမှာ မျက်လုံးပြာတာမျိုး ထူးခြားတာတွေ ရှိပါတယ်။ ကျနော်တို့ဟာ တယောက်နဲ့တယောက် မတူပါဘူး။ လူတိုင်းဟာ ထူးခြားပါတယ်။ ဒီတော့ ကိုယ်က တခြားလူနဲ့ တူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြောင်းက အဲဒီလူဟာ ထူးခြားလို့ပါပဲ” လို့ မော်ဒယ် မစ်ကီဒယ်အိုက ပြောပါတယ်။ မော်ဒယ်တဦးဖြစ်တဲ့ ဇာခီယာ မာလီယာက “မစ်ကီဟာ ဖက်ရှင်လောကထဲကို တကယ်ကို ထူးခြားမှုတမျိုး၊ ထူးခြားတဲ့ အလှတမျိုး ဆောင်ယူလာတာပါ။ ဒါဟာ ဖက်ရှင်လောကထဲကို အဲဒီလို ထိုးဖောက်လို့ရတယ်ဆိုတာ တွေးထင်မထားတဲ့ လူအများအပြားကို စိတ်ခွန်အားပေးပါတယ်” လို့ ပြောပါတယ်။ မနှစ်ကကျင်းပခဲ့တဲ့ ဆွာဟီလီ ဖက်ရှင်သီတင်းပတ်မှာ ဒယ်အိုဟာ ထိပ်တန်း အမျိုးသား မော်ဒယ်ဆု ရခဲ့ပါတယ်။ အဲဒီပွဲမှာ အရှေ့နဲ့ အလယ်အာဖရိကက မော်ဒယ်အကျော်အမော်တွေ ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။ မော်ဒယ် ဒယ်အိုက ဒီဇိုင်နာတွေဟာ သူ့ကိုမြင်တာနဲ့ ရွေးချယ်ကြတယ်။ ဘာလို့လဲဆိုတော့ သူ့လို ထူးခြားတဲ့လူဟာ သူတယောက်ပဲရှိပြီး အဲဒီထူးခြားချက်ကြောင့်ပဲ သူဟာ အခွင့်အရေးရနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
3 years Ago

July 26, 2018

ကော်ပတ်ရုပ်လေးနှင့်တူသည့် ၅ နှစ်သမီးကလေး အွန်လိုင်းပေါ် နာမည်ကြီးနေ

ဂျဲရ်အမည်ရတဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦးရဲ့ ချစ်စဖွယ် ဓာတ်ပုံတွေဟာ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ကမ္ဘာ့အလှဆုံး မိန်းကလေးအဖြစ် နာမည်ကြီးနေပါတယ်။ [caption id="attachment_281957" align="alignleft" width="245"] ဓာတ်ပုံ - အင်စတာဂရမ်[/caption] အရုပ်ကလေးတရုပ်နဲ့တူတဲ့ သူ့ရဲ့ပုံတွေကိုတော့ နိုင်ဂျီးရီးယား ဓာတ်ပုံဆရာ မို့ဖ်ဘမ်မူရီဝါက ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်ပေါင်းများစွာက ဒီဓာတ်ပုံတွေကို ကြိုက်နှစ်သက်ကာ အွန်လိုင်းပေါ်မှတဆင့် ပြန်လည်မျှဝေနေကြတာ ဖြစ်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဂျဲရ်ကို ရင်သပ်ရှုမောစရာကောင်းတဲ့ အလှတရားနဲ့ သက်ရှိ ကော်ပတ်ရုပ်ကလေးဆိုပြီး ချီးကျူးနေခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာ မို့ဖ်ဘမ်မူရီဝါက ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ မိန်းကလေးရဲ့ ဓာတ်ပုံ ၃ ပုံကို မျှဝေထားခဲ့တာဖြစ်ပြီး “အိုး… တကယ်ပါပဲ… သူဟာ လူသားမိန်းကလေးတယောက်ပါ… သူက အိန်ဂျယ်တပါးပဲ… ကလေးတွေဆိုတာ ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်တခုပါ” လို့ ရေးထားခဲ့တာပါ။ ပုံတွေထဲက မိန်းကလေးငယ်ဟာ ကင်မရာဘက်ကို တည့်တည့်လှည့်ပြီး ပို့စ်ပေးနေခဲ့တာဟာ တကယ့်ကို စွမ်းရည်ပြည့်ဝတဲ့ မော်ဒယ်တယောက်လိုပါပဲ။ ပရိသတ်တွေက ဒီပုံတွေကို မြင်ရတဲ့အခါ “အရမ်းလှတယ်… ဆွဲဆောင်မှုရှိတယ်… ရင်သပ်ရှုမောစရာပဲ…” စတဲ့ [caption id="attachment_281958" align="alignright" width="312"] ဓာတ်ပုံ - အင်စတာဂရမ်[/caption] မှတ်ချက်တွေနဲ့ အားပေးနေခဲ့ကြတာပါ။ လာဂို့စ်မြို့ရဲ့ မြို့ပြနေထိုင်မှုနဲ့ မင်္ဂလာပွဲဓာတ်ပုံဆရာ မို့ဖ်ဘမ်မူရီဝါကတော့ ဂျဲရ်က ဝါရင့်မော်ဒယ်တယောက် မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့မှာ အသက် ၇ နှစ်အရွယ် ဂျိုမီနဲ့ အသက် ၁၀ နှစ်အရွယ် ဂျိုဘာဆိုတဲ့ မော်ဒယ်အစ်မ ၂ ယောက်ရှိပြီး သူတို့မှာ ကိုယ်ပိုင် အင်စတာဂရမ်အကောင့်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ တချို့ပရိသတ်တွေကလည်း ဂျဲရ်ရဲ့ပုံတွေဟာ အစစ်အမှန် မဖြစ်နိုင်ဘဲ ပြုပြင်ထားတဲ့ ပုံတွေ ဖြစ်နိုင်တယ်လို့ ဝေဖန်နေကြတာပါ။ တချို့ကလည်း သူ့ရဲ့ခေါင်းပေါ်မှာ ဆံပင်တုစွပ်ထားခဲ့တာလို့ ပြောနေကြပါတယ်။ အင်စတာဂရမ်ပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလို နာမည်ကြီးခဲ့တာဟာ ဂျဲရ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ လက်ရှိမှာ အသက် ၁၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ်သရုပ်ဆောင်မော်ဒယ် သီလိန်းဘလွန်ဒိုဟာ သူ့အသက် ၄ နှစ်အရွယ်မှာ ကမ္ဘာ့အလှဆုံး မိန်းကလေးအဖြစ် နာမည်ကြီးခဲ့ပါတယ်။ နောက်ထပ် ၂ နှစ်အကြာ သူ့အသက် ၆ နှစ်အရွယ်မှာတော့ ဖက်ရှင်မဂ္ဂဇင်းတစောင်မှာ ဖော်ပြခံခဲ့ရပြီး နောက်ပိုင်းမှာတော့ အောင်မြင်တဲ့ စူပါစတားတဦး ဖြစ်လာခဲ့တာပါ။ တချိန်တည်းမှာပဲ ရုရှားနိုင်ငံက ၆ နှစ်အရွယ် မိန်းကလေး အန်နာ ညာဇေဗာဟာလည်း မော်ဒယ်ဘဝ မရောက်ခင်မှာ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ကြည့်ရှုသူ ပရိသတ် ၁ သန်းကျော် ရရှိခဲ့ပြီးနောက်မှာ အောင်မြင်တဲ့ ကလေးကြော်ငြာသရုပ်ဆောင်တယောက် ဖြစ်လာခဲ့ပါတယ်။
3 years Ago
More News
Up