မော်တင်ဟို

July 25, 2018

မိုနာကိုကွင်းလယ်လူ မော်တင်ဟိုကို ပရီးမီးယားလိဂ် တန်းတက်ကလပ် ဝုဗ် ခေါ်ယူ

ပရီးမီးယားလိဂ် တန်းတက်ကလပ် ဝုဗ်ဗာဟန်တန်အသင်းဟာ မိုနာကို ကွင်းလယ်ကစားသမား မော်တင်ဟိုကို ပေါင် ၅ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် မော်တင်ဟိုဟာ ဝုဗ်နဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မော်တင်ဟိုဟာ ပေါ်တူဂီအသင်းမှာ ခြေစွမ်းပြခဲ့သူဖြစ်သလို ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း မိုနာကိုအသင်းမှာ ခြေစွမ်းပြခဲ့ပါတယ်။ ဝုဗ်အသင်းဟာ ၆ နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို တကျော့ပြန် တက်ရောက်လာခဲ့တာပါ။ မော်တင်ဟိုလို ဝါရင့်ကွင်းလယ်လူတဦးကို ခေါ်ယူနိုင်ခဲ့တာက အသင်းရဲ့ မျှော်လင့်ချက်တွေအတွက် တွန်းအားတရပ် ဖြစ်ခဲ့ပါတယ်။
3 years Ago
Up