မော်စကိုရောက်

June 11, 2018

မော်စကိုရောက် မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့  (ဓာတ်ပုံ)

ကမ္ဘာ့ဖလား ၂၀၁၈ ဖွင့်ပွဲအခမ်းအနားနဲ့ လူငယ်ဘောလုံးပွဲတော် တက်ရောက်ဖို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ မြန်မာလူငယ်ဘောလုံးသမား မင်းခန့်သူနဲ့ လူငယ် သတင်းထောက် သန့်တေဇာတို့ကို မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်၊ မြန်မာဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့  ဒုတိယဥက္ကဋ္ဌတွေဟာ မော်စကိုမြို့မှာ ဖီဖာကွန်ဂရက်နဲ့  အာရှဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတွေ တက်ရောက်မယ်လို့ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-MFF
3 years Ago
Up