မောင်​​တော အငူ​မှော်​လမ်းတွင် ကုန်တင်ကားများ နွံနစ်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေ

July 28, 2019

မောင်​​တော အငူ​မှော်​လမ်းတွင် ကုန်တင်ကားများ နွံနစ်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေ

ရခိုင်ပြည်နယ်၊ ​မောင်​​တော အငူ​မှော်​ ကွန်​ကရစ်​လမ်းမှာ ​ဇူလိုင်​လ ၂၆ ရက်​​နေ့ ​နေ့လယ်ပိုင်းကစပြီး ရေ၀ပ်​ပြီး လမ်းပျက်​စီး​နေ​တာကြောင့် ကုန်​တင်​ကားနွံနစ်​ပြီး လမ်းပိတ်​ဆို့မှုဖြစ်​ပွားကာ ဒီနေ့အထိ လမ်းပန်းဆက်​သွယ်​ ရေးပြတ်​​တောက်​နေတယ်လို့ ခရီးသွား ပြည်​သူတွေက​ ပြောပါတယ်​။ ခရီးသွားပြည်​သူတဦးဖြစ်​တဲ့ ကိုထွန်းမြတ်​ဦးက “လမ်း​တွေက​တော ​တော်​​တော်​များများ ပျက်​စီး​နေပါတယ်​။ ပြုပြင်​ထိန်​သိမ်းမှု အားနည်း​နေတာပါ။ အပြစ်​​ပြောရင်​ကုန်​တင်​ကား​တွေကိုပဲ အပြစ်​​ပြောမယ်​။ ကုန်​တင်​ကား​တွေကလည်း ဒီလမ်းကို အသုံးမပြုရင်​​နောက်​လမ်းမှ မရှိတာ​လေ။ ပြုပြင်​​ပေးရမှာက အစိုးရတာဝန်​သာဖြစ်​တယ်​။ အခုလို လမ်း​တွေပိတ်​ပြီး ကုန်​စည်​စီးဆင်းမှု ပိတ်​​နေပါက ကုန်​​ဈေးနှုန်းက တက်​လာ​တောမှာပါ" လို့​ ပြောကြားပါတယ်​။ အခုကားတွေ နွံနစ်ပြီး လမ်းပိတ်​ဆိုတဲ့နေရာမှာ ​​ရွှေရင်း​အေး​ကျေးရွာနဲ့ ကင်း​ချောင်း​ကျေးရွာအကြား ARG စခန်းအနီးြ​ဖစ်​ပြီး စစ်​​တွေကတက်​လာ​တဲ့ကားတွေနဲ့ ​မောင်​​တောက ဆင်းလာ​တဲ့ကားတွေ လုံးဝသွားမရဘဲ ပိတ်​ဆို့​နေတာပါ။ ကုန်​တင်​ကား​မောင်းတဲ့ ကို​ဝေသန်းက​တော “အခု လမ်း​ပေါက်​ပြဲတဲ့​နေရာ​တွေမှာ ​ကျောက်​ထည့်​တာ​တောင်​ ကျနော်တို့ ကားသမား​တွေ စု​ပေါင်းပြီး ​လမ်းခင်း​ ကျောက်​​တွေဝယ်​ယူပြီး ထည့်​​ပေးရ​တာ၊ တာဝန်​ရှိတဲ့လူ​တွေက လုံးဝလာ​​ရောက်​ကြည့်​ရှုခြင်းမရှိ​ဘူး။ မိုးရာသီမှာ ရေနုတ်​​ရေ​မြောင်း​တွေ လုံးဝမရှိလို့ အခုလိုပျက်​စီးရတာ​” လို့ ပြောပါတယ်​။ အဆိုပါလမ်းမှာ နယ်​စပ်​​ရေးရာဝန်​ကြီးဌာန ရန်ပုံ​ငွေနဲ့  ၂၀၁၃/၁၄ ခုနှစ်​မှာ AMC ကုမ္ပဏီက ​ဖောက်​လုပ်​တာဖြစ်​ပြီး ၅ နှစ်​အကြာမှာ အခုလို ပျက်​စီး​သွားခဲ့တာပါ။ ​မောင်​​တောခရိုင်​ဒုအုပ်​ချုပ်​​ရေးမှူး ဦးရဲထူးက​ “ဒီလမ်းပျက်​စီးတာက ကား​တွေက Over weigh တင်​တာ​တွေရှိတယ်​၊ Over weight ကို တားဆီးဖို့ ကွန်​ကရစ်​နဲ့တန်း​တွေ တပ်​ဆင်​မှာဖြစ်​တယ်​။ သုံး​နေရာ​လောက်​ တပ်​ဆင်​မှာဖြစ်​တယ်​။ ဒီလမ်းကိုပြုပြင်​ဖို့ ရန်​ပုံ​ငွေက မပါဆို​တော့ ကွင်းဆင်းစစ်​​ဆေးပြီး ကုန်​ကျမူအတိုင်းအတာကို တွက်​ချက်​ပြီး အစိုးအရအဖွဲ့ဆီ တင်​ပြပြီး ပြုပြင်​သွားမှာပါ။ အခုလာမယ့်​ တနင်္လာ​နေ့ ကွင်းဆင်းမယ်​” လို့​ပြောပါတယ်​။
2 years Ago
Up