မောင်​​တောမြို့ နယ်​ ​မြောက်​ပိုင်း ခ​မောင်းဆိပ်​ အထက်​တန်း​ကျောင်း မီး​လောင်

March 3, 2019

မောင်​​တောမြို့ နယ်​ ​မြောက်​ပိုင်း ခ​မောင်းဆိပ်​ အထက်​တန်း​ကျောင်း မီး​လောင်

မောင်​​တောမြို့နယ်​​မြောက်​ပိုင်း ခ​မောင်းဆိပ်​ ဘောက်ကျာရပ်ကွက်မှာ ​ဖေ​ဖော်​၀ါရီလ ၂ ရက်​​နေ့ ည​နေ ၃ နာရီအချိန်​လောက်  အထက်​တန်း​ကျောင်း အ​ဆောင်​​ဟောင်းတ​ဆောင်​နဲ့ ​ကျောင်းအုပ်​ကြီး​နေအိမ် ​မီး​လောင်​မှုဖြစ်​ပွားခဲ့​တယ်လို့ ခ​မောင်းဆိပ်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​ကျော်​​မောင်​သိန်းက အတည်​ပြု​ပြောကြားပါတယ်​။ “ည​နေ ၃ နာရီ​​လောက်​က စ​လောင်​တာပါ။ မီးသတ်​ကားလည်း ဘယ်​​ရောက်​နိုင်​ပါ့မလဲ၊ ​ဝေးတာကို။ ​ရေစုတ်​စက်​နဲ့ ​ရေတင်​ပြီး မီးကိုရွာသူရွာသား​တွေ နဲ့ နယ်​​မြေက လုံခြုံ​ရေးဝန်​ထမ်း​တွေ အားလုံး ၀ိုင်းဝန်းပြီး ငြှိမ်းသတ်​ခဲ့ကြတာပါ။ ည​နေ ၆ နာရီ​လောက်​မှ မီးငြိမ်းသတ်​နိုင်​ခဲ့ပါတယ်​။ မီက​တော့ ​တောမီးက​နေ ဒီဘက်​ကို ကူးလာတာပါ။ စာသင်​​ကျောင်းက မဖွင့်​တာ ကြာပြီဆို​တော ချုံနွယ်​​တွေများ​တော့ မီးကူးလာတာာ အ​ဆောင်​အ​ဟောင်းတခုနဲ့ ဆရာကြီး​နေအိမ်​တ​လုံး​ လောင်​ကျွမ်းသွားပါတယ်​။ အ​ဆောင်​အသစ်​ကို မီးမကူးနိုင်​​အောင် ​တားဆီးနိုင်​ခဲ့ပါတယ်​" လို့​ ပြောပါတယ်​။ အလျှား ၁၅၀ ပေ အနံ ၃၀ ပေ သွပ်မိုး အုတ်ကာ အာဆီတထပ်အဆောင်နဲ့ ကျောင်းအုပ်ကြီးနေအိမ် ပေ ၂၀ ပတ်လည် သွပ်မိုး ဝါးထရံကာ အဆောင်တွေ မီးလောင်ကျွမ်းခဲ့တာပါ။ ခ​မောင်းဆိပ်​ အထက်​တန်း​ကျောင်းဟာ ၂၀၁၇ ခုနှစ်​ သြဂုတ်​လ အကြမ်းဖက်​ဖြစ်​စဉ်​ ဖြစ်​ပြီး​နောက်​ ခ​မောင်းဆိပ်​​ကျေးရွာမှ နေထိုင်ကြသူတွေ ​နေရပ်​စွန့်​ခွာ ထွက်​ပြေးသွားခဲ့ကြတဲ့အတွက် ဒီနေ့အချိန်​အထိ ဖွင့်​လှစ်​ သင်​ကြားခြင်းမရှိတဲ့ ကျောင်းတ​​ကျောင်းဖြစ်ပါတယ်။ ခ​မောင်းဆိပ်​​အားမြို့အဖြစ်​ ၂၀၁၆ ခုနှစ်​က ​သတ်​မှတ်​ထားခဲ့ပြီး ရပ်​ကွက်​ ၆ ခုနဲ့ ဖွဲ့စည်းထားပြီး ဘင်္ဂါလီလူဦး​ရေ ၆၀၀၀ လောက် နေထိုင်​ခဲ့ပါတယ်။ အကြမ်းဖက်​ဖြစ်​စဉ်​​ကြောင့် ဘင်္ဂါလီအားလုံး​နေရပ်​စွန့်​ခွာသွားပြီး တိုင်းရင်​သားမင်း ခ​မောက်​ တ​ရွာတည်းသာ ကျန်​ခဲ့ကာ အိမ်​​ထောင်​စု ၇၀ လောက်ရှိပြီး မြို၊ ဒိုင်းနက်​၊ ရခိုင်​ စတဲ့လူမျိုးတွေ နေထိုင်ပါတယ်​။ ဗညား
2 years Ago
Up