မောင်းသူမဲ့ အလိုအလျောက်ထွက်ခွာပြီး အခြားရထားကို တိုက်သည့် သရဲရထား (ရုပ်သံ)

A d v e r t i s e m e n t With Us

February 28, 2016

မောင်းသူမဲ့ အလိုအလျောက်ထွက်ခွာပြီး အခြားရထားကို တိုက်သည့် သရဲရထား (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ ရထားတစင်းဟာ မောင်းနှင်သူမပါဝင်ပဲ အလိုအ လျောက်ထွက်ခွာလာပြီး အခြားရထားတစင်းကို ၀င်တိုက်ခဲ့ပြီးနောက်မှာ သရဲရထားအဖြစ် အမည်တွင်လာခဲ့တယ်လို့ ဗြိတိန်အခြေစိုက် အိပ်စ်ပရက်စ်သတင်းမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖော်ပြပါတယ်။ ရထားနှစ်စင်းလုံးပေါ်ဖမ်းယူရရှိတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှတ်တမ်းတွေအရ ဒီသတင်းဟာ ပျံ့နှံ့နေခဲ့ပြီး ရထားပေါ်ပါ ခရီးသည်တွေရဲ့ ထိတ်လန့်တကြားလှုပ်ရှားမှုတွေကို တွေ့ ရပါတယ်။ ၀င်တိုက်မိတဲ့အရှိန်ကြောင့် ခရီးသည်ပါရထားတွဲပေါ်မှာ တုန်ခါနေပြီး ခရီးသည်တွေဟာ နံရံနဲ့ ရိုက်မိတာတွေ၊ ခြေချော်လဲကျတာတွေ၊ ခုံပေါ်က ပြုတ်ကျတာတွေ အဲဒီ အချိန်အခိုက်အတန့်အတွင်းမှာ ဖြစ်ခဲ့ကြတာပါ။ သူတို့ဟာ ရုတ်တရက်ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြတာဖြစ်ပြီး ခရီးသည်တဦးရဲ့ မိုဘိုင်းလ်ဖုန်းဟာ တံခါးပေါက်ကတဆင့် အပြင်ကို လွင့်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။ တချို့ခရီးသည်တွေကတော့ ကြံရာမရပဲ အိတ်တွေ၊ မိုဘိုင်းလ်ဖုန်းတွေကို ချန်ထားခဲ့ကြပြီး ထွက်ပြေးခဲ့ကြတာပါ။ ဒီဖြစ်ရပ်ကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိသူမရှိပဲ လူ ၃၀ လောက် အ နည်းငယ်ထိခိုက်မှုတွေရှိခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ခုလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အဖြေမပေးနိုင်သေးပဲ ထိခိုက်ပျက်စီးဆုံးရှုံး မှုတွေအတွက်ချီကာဂို ခရီးသွားအာဏာပိုင်(စီတီအေ)အနေနဲ့ ပေါင် ၄ ဒဿမ ၃ သန်း ကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို သေသေချာချာ မသိရတဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေရှိနေပြီး လျှပ်စစ်ပိုင်းဆိုင်ရာ အလုပ်သမား ၂ ဦးကို အလုပ်ထုတ်ခဲ့ကာ ကျန် ၂ ဦးကို စစ်ဆေးနေဆဲဖြစ်ပါတယ်။
5 years Ago
Up