မောင်းသူမဲ့ ကင်းထောက်ဒရုန်းယာဉ်များ

December 20, 2016

ကေအိုင်အေ၏ မောင်းသူမဲ့ ကင်းထောက်ဒရုန်းယာဉ်များ ပစ်ချဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ထဲမှာ တပ်မတော် စစ်ကြောင်းနေရာကို လာရောက် ထောက်လှမ်းတဲ့ ကေအိုင်အေအဖွဲ့ရဲ့ မောင်းသူမဲ့ UAV ဒရုန်းယာဉ်တွေကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက် ၁၀ နာရီလောက်ကနေ မွန်းလွဲ ၁ နာရီခွဲအတွင်းမှာ ဝေဟင်မှ လာရောက်သတင်း ထောက်လှမ်းခဲ့တဲ့အတွက် တပ်မတော်စစ်ကြောင်းက လက်နက်ငယ်နဲ့ ပစ်ချဖျက်ဆီးခဲ့ရာမှာ UAV ၃ စီး လက်နက်ငယ်ကျည်ထိမှန်ပြီး ကောင်းကင်မှာ ပေါက်ကွဲပျက်စီးသွားတယ်လို့ဆိုပါတယ်။ ကျန်တစ်စီးကတော့ ပျက်ကျခဲ့လို့ စစ်ဆေးခဲ့ရာမှာ ဖောက်ခွဲတိုက်ခိုက်ရာမှာသုံးတဲ့ TNTယမ်းထုပ်တွေ တပ်ဆင်ထားပြီး ဘက်ထရီ ၃ လုံး၊ အလိုအလျောက်ပျံသန်းမှုစနစ် ၁ ခု၊ ကင်မရာ ၁ လုံး၊ မော်တာ ၅ ခု၊ GPS ၁ ခု၊ Auto Pilot Sensor ၁ ခုတို့ကို တွေ့ရတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
5 years Ago
Up