အမေရိကန်သံတမန် ၆၀ ကို သူ့နိုင်ငံကနေ မောင်းထုတ်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗ်ရော့က မတ်လ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
“အခုလို လုပ်ဆောင်ချက်က အပြန်အလှန်သဘောဖြစ်ပါတယ်။ ကျနော်တို့ ၀န်ကြီးဌာနကို ရောက်လာတဲ့ အမေရိကန်သံအမတ် ဂျွန် ဟန်တမန်ကို အခုလိုနှင်ထုတ်မယ့်အကြောင်း ကျနော်တို့ရဲ့ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဆာဂီရက်ကော့ဗ်က အသိပေးပါလိမ့်မယ်။ ဒါကတော့ အရေအတွက်ညီမျှတဲ့ သံတမန်တွေ ဖယ်ရှားတာနဲ့ စိန့်ပီတာစဘတ်မှာ အမေရိကန် ကောင်စစ်ဝန်ရုံထားရှိတဲ့ ကျနော်တို့ရဲ့ သဘောတူညီချက်ကိုပြန် ရုပ်သိမ်းတာတို့ပါဝင်ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗ်ရော့ ကပြောကြားခဲ့ပါတယ်။
“တခြားနိုင်ငံတွေလည်း အပြန်အလှန်အားဖြင့် တူညီတဲ့ သံတမန်အရေအတွက်ဟာ ရုရှားနိုင်ငံကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ အခုထိတော့ ဒီလောက်ပါပဲ” လို့ ဆာဂီလက်ဗ်ရော့က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဗြိတိန်က ကနဦး ရုရှား သံတမန် ၂၃ ဦးကို ဖယ်ရှားခဲ့ရာမှာလည်း ရုရှားက အလားတူ တုံ့ပြန်ခဲ့ပြီးဖြစ်ပါတယ်။
3 years Ago