ရခိုင်ပြည်နယ် မောင်တော-ဘူးသီတောင်ဒေသက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ ဒုက္ခသည် ၄၀၀ ဝန်းကျင်လောက်က စစ်တွေမြို့ကို ဒီကနေ့ ၁ နာရီမှာ ထပ်မံ ရောက်ရှိပါလာတယ်။
အဲ့ဒီထဲမှာ အကြမ်းဖက်ခံရမှုတွေကြောင့် ဒဏ်ရာရ ရဲတပ်သားလူနာ ၅ ဦးအပါအဝင် တပ်မတော်သား ၅ ဦးလည်း ဆေးကုသဖို့ ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီကနေ့ထွက်ပြေးတိမ်ရှောင်လာတဲ့သူတွေဟာ စစ်တွေမြို့ ဓညဝတီရပ်ကွက် ဓမ္မရမ္မာ ကျောင်းတိုက်အပါအဝင် အာဂျိတ်တော်ကုန်းက ဦးကော်ဝီဒ ကျောင်းတိုက်ကို သွားရောက်မယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် အခြားထွက်ပြေးတိမ်းရှောင်လာသူတွေကတော့ နီးစပ်ရာ ဆွေးမျိုးတွေဆီ သွားရောက်ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဘူးသီးတောင်နဲ့ မောင်တော်မြို့နယ်တွေက အကြမ်းဖက်မှု တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၄၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
5 years Ago