မောင်တော နံသာတောင်ပရဟိတကျောင်း ဆက်လက်ရပ်တည်ရန် အကူအညီလိုအပ်

A d v e r t i s e m e n t With Us

July 14, 2019

မောင်တော နံသာတောင်ပရဟိတကျောင်း ဆက်လက်ရပ်တည်ရန် အကူအညီလိုအပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ခြံစည်ရိုးအနီးရှိ နံသာတောင်ပရဟိတကျောင်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဦးဆောင်ဆရာတော်က မိန့်ကြားပါတယ်​။ “အဓိက အရေးတကြီး အကူအညီလိုအပ်နေတာက စားရေးသောက်ရေး ပါ။ စာအုပ်စာတမ်းတွေ သင်ထောက်ကူတွေလည်း လိုအပ်နေပါတယ်။ အစိုးရကတော့ လူတဦးကို တနေ့ ၁၀၀ ကျော်နဲ့ ကျောင်းသူ/ကျောင်းသား ၂၀၀ ကျော်အတွက်တော့ ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် မောင်တောမှာ ကုန်ပစ္စည်းတွေက တအားဈေးကြီးသလို အားလုံးက ၄၀၀ ကျော်လောက်ရှိနေတော့ ခက်ခက်ခဲခဲရပ်တည်နေရပါတယ်" လို့ နံသာတောင်ပရဟိတကျောင်း ဆရာတော် ဦးစရဏက ဒီဗွီဘီကို မိန့်ကြားပါတယ်​။ အဆိုပါပရဟိတကျောင်းမှာ ပဉ္စမတန်းကနေ ဒသမတန်းထိ ကျောင်းသား/သူ ၄၀၀ ကျော်ရှိပါတယ်။  မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် သြဂုတ် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ဘုန်းကြီးကျောင်းအပါအဝင် စာသင်ကျောင်းဆောင်တွေလည်း ရှို့ခံခဲ့ရလို့ အခုပညာသင်နှစ်အထိ မောင်တောမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းမှာ ယာယီအဆောင်တွေ ဆောက်လုပ် သင်ကြားပေးနေတာပါ။ "အစကတည်းက ပြည်တွင်း/ပြည်ပ အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေနဲ့ ရပ်တည်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာက စစ်ဘေးရှောင်တွေလည်း တအားများလာတော့ အလှူရှင်အများစုက စစ်ဘေးဒုက္ခသည်တွေဘက် ပိုအာရုံစိုက်နေကြပါတယ်။ ဒီနှစ်က တအားခက်ခက်ခဲခဲ ရပ်တည်ရမယ်မြင်ပါတယ်။ အစိုးရအနေနဲ့ ကူညီပေးရင် ပိုအဆင်ပြေမယ်ထင်ပါတယ်" လို့ ဆရာတော်က မိန့်ပါတယ်။ အဆိုပါပညာဒါနပရဟိတကျောင်းမှာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၀၂ ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ၄၀၁ ဦးနဲ့ ၂၀၁၉-၂၀၂၀ ယခုပညာသင်​နှစ်​မှာ​ ၄၅၀ ဦးလောက်ရှိတယ်လို့ ဆိုပါတယ်။ ​ကောင်း​ကောင်း
2 years Ago
Up