မောင်တောမြို့နယ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦး အရှင်ဖမ်းမိ

A d v e r t i s e m e n t With Us

October 12, 2016

မောင်တောမြို့နယ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦး အရှင်ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ကျေးရွာတွေမှာ တပ်မတော်စစ်ကြောင်းတွေက ဝင်ရောက်ရှင်းလင်းစဉ် ကျေးရွာတာဝန်ခံတဦး အပါအ၀င် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၄ ဦး အရှင်ဖမ်းဆီးရမိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေ ဝင်ရောက်ခိုအောင်းနေကြောင်း သတင်းရလို့  တပ်မတော်စစ်ကြောင်းတွေက နယ်မြေရှင်းလင်းစဉ်မှာ အောက်တိုဘာ ၉ ရက် ည ၈ နာရီခွဲခန့်က ငါးခူရကျေးရွာဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အန်ဒရာမူလာကိန်းနဲ့ မော်လဝီဖော်ဒီတာလောင်တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အလားတူ မောင်နှမအလယ်ကျေးရွာ ကျီးကန်းပြင်စခန်းဌာနချုပ် လက်နက်တိုက်တွေ ဖောက်ထွင်းရာမှာ အဓိကပါဝင်သူ ၂ ဦး ပုန်းခိုနေတယ်လို့ သတင်းရတာကြောင့် တပ်မတော်စစ်ကြောင်းက အောက်တိုဘာ ၁၁ ရက် မနက်က ဝင်ရောက်ရှင်းလင်းစဉ် ခြေထောက်ဒဏ်ရာရထားတဲ့ အစ္စမာန်နဲ့ ကျေးရွာတာဝန်ခံ အဘူကာလာမ်တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့လို့ စစ်ဆေးမေးမြန်းရာမှာ ကျီးကန်းပြင်စခန်းကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့သူတွေဖြစ်ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၁၀ ရက် မနက်က တောင်ပိုင်ညာကျေးရွာကို ဝင်ရောက်ရှင်းလင်းစဉ် ရွာသား ၈ ဦးလောက်က ဓား၊ တုတ်တွေနဲ့ ရုတ်တရက် တိုက်ခိုက်လာလို့ ပြန်လည်ပစ်ခတ်ရှင်းလင်းရာ တိုက်ခိုက်သူ အလောင်း ၇ လောင်းကို ဓား၊ တုတ်တွေနဲ့အတူ သိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့သူတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့နဲ့ လက်နက်တွေ သိုဝှက်ထားတဲ့နေရာတွေကို ရှာဖွေရှင်းလင်းနိုင်ရေးအတွက် ဖမ်းဆီးရမိသူ အကြမ်းဖက်သမား ၄ ဦးကို စစ်ဆေးမေးမြန်းနေတယ်လို့ မြ၀တီသတင်းအရ သိရပါတယ်။
4 years Ago
Up