မောင်တောမြို့

February 9, 2019

မောင်တောမြို့နယ်က ရွာလုံးကျွတ် ပြောင်းလာသူများကို အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

မောင်တောမြို့နယ်မြောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြာင့် ရွာလုံးကျွတ် နေရပ်ပြောင်းရွေ့လာတဲ့ မိသားစုဝင်တွေကို ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က လူအသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားကျေးရွာ အုပ်စုမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရွာလုံးကျွတ် နေရပ်ပြောင်းရွှေ့လာတဲ့ ကုန်းရွာမှ မိသားစု ၂၉ စု၊ လူဦးရေ ၁၉၄ ဦးအတွက် လူအသုံးအဆောင်ပစ္စည်းတွေ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်က ထောက်ပံ့ပေးအပ်ခဲ့တာပါ။ မိသားစုတစုစီကို တာပေါ်လင်၊ စောင်၊ ထိုင်းဖျာ၊ ဒယ်အိုး၊ ပန်းကန်၊၊ ဇွန်း၊ ဟင်းခွက်၊ ရေခွက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အမျိုးသမီးသုံးပစ္စည်း၊ အ၀တ်အထည် စတဲ့ လူအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့  သစ်တုံးနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောပါတယ်။ ကုန်းရွာက မိသားစုတွေဟာ အဓိက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကျန်းမာရေး၊ ပညာရေး၊ အလွန်အခက်ကြုံတွေ့နေရလို့ သစ်တုံးနားခွဆုံစုပေါင်းကျေးရွာကို ပြောင်းရွှေ့လာကြတာလို့ ဆိုပါတယ်။ သစ်တုံးနားကျေးရွာအုပ်စု ခုံတိုင်မှာ မန္တ​လေးတိုင်းနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့တွေက ​နေအိမ်တွေမှာ စုစုပေါင်း လူဦးရေ ၁၀၇၅ ဦးနေထိုင်တယ်လို့ သိရပါတယ်။ ပြည်​နယ်​လွှတ်​​တော်​အမတ်​ ဦးထွန်းလှစိန်​က​ "ကုန်းရွာက လမ်းပန်းဆက်​သွယ်​​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး အဆက်​မ​ပြေလို့ ဒီဘက်​ကို​ ရွှေ့လာတာ ဖြစ်​တယ်​။ ကုန်းရွာကို လမ်း​ဖောက်​လုပ်​နိုင်​ဖို့ လမ်းတံတားဦးစီးဌာနကို ညွှန်​ကြား​သေးတယ်​၊ သူတို့ သွား​ရောက်​​လေ့လာတယ်။ ၁၇ မိုင်​နီးပါး​ဝေးပြီး တံတား ၅ စင်း​လောက် ​ထိုးရမယ့်​​အ​နေအထား​​ကြောင့် တ​ရွာတည်းအတွက်​ ဘတ်​ဂျတ်​​ငွေ​တွေ ဒီ​လောက်​မသုံးနိုင်​ဘူး။ ဒါ​ကြောင့် ကုန်းရွာကို သစ်​တုံးနား​ကျေးရွာမှာ တည်​​ဆောက်​​ပေး​နေတဲ့ စုစည်း​ကျေးရွာ​ဆီ ​ရွှေ​ပြောင်းလာကြဖြစ်​တယ်။ အခုနှစ်​ ​နောက်​ထပ်​ ​နေအိမ်​ ၃၀၀ ​ကျော်​မှာ သူတို့အတွက်​ပါ ​နေအိမ်​​တွေ ထည့်ပေးဖို့ရှိတယ်​" လို့​ ပြောပါတယ်။ သစ်​တုံးနား​ကျေးရွာ အုပ်​စုမှာ​ ​ကျေးရွာ၊ ကုန်းရွာ၊ ဘန်​တိုင်​၊ ပျာရည်​၊ ​ကျောက်​လုံး၊ အင်း​ချောင်း၊ ​လေမြို့​ကေဒီ၊ ပန်း​ချောင်း၊ ခရု​ချောင်း၊ ​မျောက်​​ခေါင်း​တောင်​၊ အင်း​ချောင်​၊ ​ဒေါင်းရွာ စတဲ့ ရွာ ၁၁ ရွာရှိ​တယ်လို့ သိရပါတယ်။
4 years Ago

July 5, 2018

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာကို ဖျက်ပေးရန် သက်ဆိုင်ရာက ညွှန်ကြား

မောင်တောမြို့နယ်မှာ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ သင်္ဘောကွေ့ကျေးရွာသစ်ကို တပတ်အတွင်း ဖျက်ပေးဖို့ မြို့နယ်သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်ညွှန်ကြားထားပါ တယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်ကကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ သင်္ဘောကွေ့ ကျေးရွာသစ်ကို တပတ်အတွင်း ဖယ်ပေးဖို့နဲ့ ကျေးရွာကို ဖျက်ပေးဖို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့က ဇူလိုင် ၃ ရက်နေ့က လာရောက်ပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ သင်္ဘောကွေ့ကျေးရွာမှာနေထိုင်တဲ့ ဒေါ်နုခိုင်က “ဒီလ ၃ ရက်နေ့က မောင်တော အုပ်ချုပ်ရေးမှူးရယ်၊ နောက်ပြီး ရဲတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာလူကြီးတွေ ပါတယ်။ ဝန်ကြီးချုပ် ဦးညီပု၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ညွှန်ကြားတာလို့ပြောပါတယ်။ ဒီရွာကနေ တပတ်အတွင်း ပြောင်းပေးဖို့၊ ဖျက်ပေးဖို့ပြောပါတယ်။ ဒီမှာလုံးဝနေလို့ မရဘူးလို့ပြောတယ်။ နိုင်ငံတကာ ဖိအားကြောင့်လာပြီး ပြောရတာလို့ ပြောတယ်” လို့ ဆိုပါတယ်။ မောင်တောမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူတဦးကတော့ သင်္ဘောကွေ့ကျေးရွာ ဖယ်ရှားခိုင်းတာ ဟုတ်မှန်ကြောင်း ဒီဗွီဘီကို ဒီကနေ့ ညနေပိုင်းက ပြောဆိုပါတယ်။ “ရွာတရွာတည်ဆောက်ရင် အစိုးရခွင့်ပြုချက်ကို ယူရမယ်လေ။ အစိုးရ ခွင့်ပြုချက် မရဘဲ ရွာမှာ တည်ဆောက်ပြီးနေနေလို့၊ အစိုးရကခွင့်ပြုထားတဲ့ တရားဝင်ရွာကို ရွှေခိုင်းတာပါ။ ရွာကို တည်တယ်ဆိုတာ အစိုးရခွင့်ပြုချက်ပါရမယ်။ ရွာတည်ခွင့်ဆိုတာ တဆင့်ပိုင်တဆင့် သွားရပါမယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံ ကျေးရွာသားတွေကတော့ သဘောင်္ကွေ့မှာ အနေအထိုင်ကျနေပြီး ဖြစ်တာကြောင့် မပြောင်းချင်တော့ဘူးလို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ ဒါ့အပြင် တပတ်အတွင်း မဖယ်ရှားဘူးဆိုရင် ကျေးရွာသားတွေကို လာရောက်ဖမ်းဆီး သွားမယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောဆိုခဲ့ကြောင့် သင်္ဘောကွေ့ကျေးရွာက ဒေါ်ဥမ္မာကျော်က ပြောပါတယ်။ “တပတ်အတွင်း မဖယ်ဘူးဆိုရရင် လာဖမမ်းမယ်လို့ ပြောတယ်။ ကျမတို့ကတော့ ပြန်ပြောပါတယ်။ ကျမတို့ ရွာသားတွေ တယောက်မှ မဖယ်ပေးနိုင်ဘူး။ ကျမတို့ကို ရဲလည်း လာမဖမ်းနဲ့၊ စစ်သားလည်း လာမဖမ်းနဲ့ ကျမတို့ တရွာလုံးလာပြီး အဖမ်းခံမယ်လို့ ပြောထားပါတယ်။ ကျမတို့ တိုင်းရင်းသားတွေကို အာဏာပိုင်တွေက နှင်ထုတ်၊ မောင်းထုတ်၊ ဖမ်းမယ်ဆိုရင်တော့ ကျမတို့စိတ်မကောင်းဘူး။ ဒီနယ်မြေကို ကျမတို့ ကာကွယ်ရမယ်၊ ကျမတို့ကို သတ်မယ်ဆိုရင်တော့ ဒီမြေမှာပဲ မြှုပ်သွားကြပါ”လို့ပြောပါတယ်။ ဒေသခံ ကျေးရွာသားတွေကတော့ သဘောင်္ကွေ့ကျေးရွာကို မတည်ဆောက်ခင်က တည်းက အစိုးရဆီမှာ ခွင့်ပြုမိတင်ထားတာလို့ ပြောပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် ၆ ခုလောက်က တိုင်းရင်းသားတွေဟာ သင်္ဘောကွေ့ ကျေးရွာသစ်ကို ရွှေ့ပြောင်းလာတည်ထောင်ထားတာဖြစ်ပြီး အဲဒီမှာ အိမ်ထောင်စု ၄၈ စု၊ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် နေထိုင်ကြတာပါ။ ဝဏ္ဏခွာညို
5 years Ago
More News
Up