မောင်တောဒေသ ပိုင်ရှင်မဲ့လယ်မြေဧက ၇ သောင်းကျော် ကုမ္ပဏီများကို လုပ်ခွင့်ပေးမည်

May 20, 2018

မောင်တောဒေသ ပိုင်ရှင်မဲ့လယ်မြေဧက ၇ သောင်းကျော် ကုမ္ပဏီများကို လုပ်ခွင့်ပေးမည်

  အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသက လယ်ယာမြေတွေ ဧက ၇ သောင်းကျော်ကို အခုလာမယ့် ရာသီမှာအလေအလွင့် မရှိရအောင် ကုမ္ပဏီတွေကို ဌားရမ်းလုပ်ပိုင်ခွင့်ပေးသွားမယ်လို့ ပြည်နယ်စိုက်ပျိုး ရေးဌာနက ပြောပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တောဒေသမှာ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ လယ်ယာမြေ တွေ ဧက ၇ ကျော်သောင်း ရှိနေပါတယ်။ ဒီလိုပိုင်ရှင်မဲ့ဖြစ်နေတဲ့ လယ်ယာမြေတွေကို အလေအလွင့် မဖြစ်ရအောင် လယ်မြေဧက ၇ သောင်းကျော်ကို စပါးစိုက်ပျိုးနိုင်ဖို့ သင့်တော်ရာ ကုမ္ပဏီအဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်ပေးသွားမယ်လို့ ပြည်နယ်စိုက်ပျိုးရေးဌာနက  ပြောပါတယ်။ ပြီးခဲ့နှစ်က ရိတ်သိမ်းသူမဲ့နေတဲ့ စပါးတွေကို အစိုးရရဲ့အစီအမံတွေနဲ့ ဝင်ရောက်ရိတ်သိမ်း ပေးခဲ့ပေမယ် စပါးရိတ်သိမ်းချွေလှေ့စက်တွေဝယ်ယူရတာ၊ ဝန်ထမ်းစရိတ်တွေများနေတာတွေ ရင်းနှီးစိုက်ထုတ်ခဲ့ရတဲ့အတွက်ကြောင့် ပြည်နယ်အစိုးရမှာ အရှုံးပေါ်ခဲ့တယ်လို့ ပြည်နယ်စိုက်ပျိုး ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးအောင်ဇံသာက ပြောပါတယ်။ မောင်တောဒေသနဲ့ ဘူးသီးတောင်နယ်မြေတွေကို ဌာနဆိုင်ရာက ၅ ရက်တာ သွားရောက်လေ့လာခဲ့ရာမှာ ဌာနဆိုင်ရာက လယ်ဧက ၁ သောင်းကျော်စိုက်ပျိုးမယ်လို့ မှုလက ရည်ရွယ်ထားပေမယ့် အဲ့ဒီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အခုလိုမောင်တောဒေသမှာ ရှိတဲ့ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ လယ်ဧက ၇ သောင်းကျော်အား ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးဖို့ စီစဉ်တာပါ။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် မောင်တောဒေသမှာ လယ်ယာမြေဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ နောက်ပိုင်းမှာတော့ လယ်ယာကဏ္ဍဆုံးရှုံးမှု အဆိုးဝါးဆုံး ထိခိုက်ခဲ့ရတယ်လို့ ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇံသာက ပြောပါတယ်။ သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို
3 years Ago
Up