မောင်တောဒေသ

June 15, 2018

မောင်တောဒေသသို့ အမျိုးသမီးအမတ်များအား စေလွှတ်ရန်တိုက်တွန်း

အကြမ်းဖက်ပရိပက္ခဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသသို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို စေလွှတ်ပေးဖို့ ရခိုင်ပါတီ လွှတ်တော် အမတ် ဦးဦးလှစောက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြတိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်တွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အညီ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်တဲ့ ကာကွယ်မှု ပြုလုပ်ပေးဖို့ ဇွန်လ ၁၅ ရက်က ပြည်သူ့လွှတ်တော်မှာ အဆို တင်သွင်း ဆွေးနွေးစဉ်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။ ရခိုင်ပြည်နယ် ပြဿနာအပေါ် နားလည်သိရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် နည်းပါးနေတဲ့ အတွက် အခုလို တိုက်တွန်းရတာဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသက ဘင်္ဂါလီအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေရတဲ့ အချက်တွေကို အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်စေဖို့အတွက်လည်း ဖြစ်တယ်လို့ ဦးဦးလှစောက  ပြောပါတယ်။
3 years Ago

November 16, 2017

မောင်တောဒေသ ပြန်လည်ထူထောင်ရေး အလုပ်နှင့်သက်သေပြမည်

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ပြန်လည်ထူထောင်ရေးကိစ္စနဲ့ပတ်သက်လို့ အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြသွားမယ်လို့ UEHRD ညှိနှိုင်းရေးမှူးချုပ် က ကတိပေးပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းတွေနဲ့တွေ့ဆုံရာမှာ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က အခုလို ပြောဆိုလိုက်တာပါ။ “အခုအချိန်မှာ ကျနော်တို့ နိုင်ငံကို မတရားသောနည်းနဲ့ ဝေဖန်နေတာ၊ မဟုတ်တာ တွေကို ဟုတ်အောင်လုပ်ပြီး၊ ပုံကြီးချဲ့နေတာတွေ အများကြီးပါပဲ။ ဒီလို ပုံကြီးချဲ့နေတာတွေကို စွပ်စွဲနေတာတွေကို ကျနော်တို့ အနေနဲ့ပြန်ပြီးစကားဖြင့်မတုံ့ပြန်ဘဲ အလုပ်နဲ့ တုံ့ပြန်ကြရအောင်၊ ဆရာတို့ ဆရာတို့ကို အကူအညီတောင်းခံချင်တာက ကျနော်တို့ လုပ်တာတွေအားလုံးသည် အလုပ်နဲ့ ပြရမယ့်အခြေအနေတွေဖြစ်နေပြီ။ သူတို့ပြောနေတာတွေကို ပြန်ပြီးငြင်းနေလို့ကလည်း အလကားပဲ။ ဒါကြောင့်မို့ ကျနော်တို့ က အလုပ်နဲ့ သက်သေပြသွားမှာပါ။” ဒါ့အပြင် အခုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အတက်နိုင်ဆုံး အကူအညီပေးအပ်သွားမယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးပုကတော့ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေး ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံရေး UEHRD လုပ်ငန်းစဉ် ပတ်သက်လို့ နယ်စပ်ရေးဝန်ကြီးဌာနအနေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတွေ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ၉ ဖွဲ့ တို့ တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။ ၀ဏ္ဏခွာညို
4 years Ago
Up