မောင်တောရှိ ARG အဖွဲ့ပိုင်​ပစ္စည်းများသိမ်းဆည်းခံရပြီး စိုက်ပျိုးရေးခြံ ချိတ်​ပိတ်​ခံရ

A d v e r t i s e m e n t With Us

June 12, 2019

မောင်တောရှိ ARG အဖွဲ့ပိုင်​ပစ္စည်းများသိမ်းဆည်းခံရပြီး စိုက်ပျိုးရေးခြံ ချိတ်​ပိတ်​ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ARG လူမှုစီးပွားတိုးတက်​​ရေးအဖွဲ့ပိုင် စိုက်ပျိုးရေးခြံမှာ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတာကြောင့်  ARG အဖွဲ့ဝင်တွေ ဖမ်းဆီးတရားစွဲခံနေရသလို အဖွဲ့ ပိုင်​ပစ္စည်းတွေ သိမ်းဆည်းခံရပြီး စိုက်ပျိုးရေးခြံလည်း ချိတ်​ပိတ်​ခံခဲ့ရပါတယ်။ မောင်​​တောမြို့ ဒူချီးယားတန်းကျေးရွာအုပ်စု ခရေမြိုင်ကျေးရွာအနီး မောင်တော-အငူမော် သွားကားလမ်းဘေး ARG လူမှုစီးပွားတိုးတက်​​ရေးအဖွဲ့ရဲ့ စိုက်ပျိုးရေးခြံရှိ ARG အဖွဲ့ပိုင်​ ပစ္စည်းတွေကို ​ဇွန်​လ ၁၀ ရက်​​မှာ သက်​ဆိုင်​ရာကသိမ်းဆည်းပြီး ခြံကိုချိတ်​ပိတ်​လိုက်​​တာလို့ ခရေမြိုင်ကျေးရွာ အုပ်­ချုပ်ရေးမှူး ဦးထွန်းလှအောင်က ပြောပါတယ်​။ "သစ်​​တော၊ ​မြေစာရင်း၊ မူးယစ်​၊ နယ်​ခြား​စောင့်အဖွဲ့​ပေါင်းစုံ ပါပါတယ်​။ ARGအဖွဲ့ပိုင်​ နွား၊ ၀က်​၊ ဆိတ်​၊ ကြက်​တွေအပြင်​ လယ်​ထွန်​စက်​​တွေလည်းပါပါတယ်​။ ပစ္စည်း​တွေကို မကျည်း​ချောင်းစခန်းကို့ ပို့လိုက်​ပါတယ်။ ခြံကိုလည်း မည်​သူမျှဝင်​ခွင့်မရှိ ချိတ်​ပိတ်​ထားလိုက်​ပါပြီ။ ဒီလိုသိမ်းဆည်းရတာက အ​ပေါ်က အမိန့်​အရလို့​တော့ သက်​ဆိုင်​ရာ​တွေက​ ​ပြောတယ်။" ဇွန်​လ ၉ ရက်​​က ARG အဖွဲ့ရဲ့ စက်ပစ္စည်းအ​ဟောင်းတွေထားတဲ့ အဆောက်အဦ ဟောင်းထဲက UPG ဆေးပုံးခွံ ၆ လုံးအတွင်း ထည့်ထားတဲ့ wy/R စာတန်ပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၇၅၀ ပြားပါ အထုတ်​ (၄၀) နဲ့ ၉၅၅၀ ပြားပါ (၁)ထုတ်​ စုစုပေါင်း ၄၁ ထုတ်​အတွင်းမှ စုစု​ပေါင်း​ဆေးပြား ၃၉၉၅၅၀ ပြား ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇၉၉၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်​ပါတယ်​။ ARG အဖွဲ့ရဲ့ ခြံတာဝန်​ခံ ကို​မောင်​ဟန်​စိုးရဲ့ ဇနီး မခင်​​အေးက​တော့ "ကျ​မတို့ ဘာမှ မသိပါဘူး။ ARG အဖွဲ့မှာ ကျ​မတို့ အလုပ်​လုပ်​လာတာ နှစ်​ ၅ နှစ်​​လောက်​ရှိပါပြီ။ မူးယစ်​​ဆေးနဲ့ ဘာမှ ပတ်​သက်မှု မရှိခဲ့ပါဘူး။ အခုပစ္စည်း​တွေတာကလည်း ARG စခန်းထဲက မဟုတ်​ပါဘူး။ လမ်းတဘက်​မှာရှိတဲ့ လူလည်းမ​နေတဲ့ အ​ဆောင်​ပျက်​တခုထဲက ရတာဖြစ်​ပါတယ်​။ ARG အဖွဲ့ကို တမင်သက်​သက်​ လုပ်​ကြံတာမျိုးဖြစ်​​နေပါတယ်​။ မ​နေ့က​တော့ သူတို့ ​ရောက်​လာပြီး ခင်​ဗျားတို့ ပိုင်​ဆိုင်​တဲ့ ပစ္စည်း​တွေတို့ တနာရီအတွင်းယူခိုင်းတယ်​။ ARG ပိုင်​ နွားအ​ကောင်​ ၁၀၀၊ ၀က်​ ၃ ကောင်​၊ ဆိတ်​ ၁၃ ​ကောင်၊ ​ကြက်​ ၅၀ ​ကောင်​ ​နောက်​ပြီး စပါး​တောင်း ၁၀၀၀ ကျော်​ နဲ့ လယ်​ထွန်​စက်​ ၃ စီ အပြင်​ ဒီတီ ဆိုင်ကယ် ၁ စီး ပါ သိမ်းဆည်းသွားပါတယ်​။ ခြံကိုလည်း မည်​သူမှ မ၀င်​ရဆိုပြီး ချိတ်​ပိတ်သွားပါတယ်​။ ​နောက်​ ဖမ်းမရတဲ့ ကြက်​၊ ၀က်​၊ ဆိတ်​ များစွာ ကျန်​​နေပါ​သေးတယ်​"လို့​ပြောပါတယ်​။ ဖမ်းဆီးခံထားရတဲ့ARG အဖွဲ့ရဲ့ ခြံတာဝန်​ခံ ဟန်စိုး၊ တံတားလုပ်​သားကြီးကြပ်​​ ချစ်နေဝင်း၊ ဝင်းထွန်း၊ ဦးသာပွင့်၊ ဖိုးသန်း ၅၀ နှစ်၊  တံတားကြီးကြပ် ညီ​လေး(ခ)ညွှန့်​လွင်​တို့ကို ​မောင်​​တောမြို့နယ်​ တရားရုံးမှာ ဇွန်​လ ၁၀ ရက်​​က ရမာန်​ယူပြီး မကျည်း​ချောင်း စခန်းမှာ စစ်​​ဆေးနေသလို  ARG အဖွဲ့ရဲ့နာယက ဦးဘ​အေးကိုလည်း ​မြောက်​ဦးရဲစခန်းမှာ ​ဖမ်းဆီး စစ်​​ဆေးနေ​ပါတယ်​။ ARG လူမှုစီးပွားတိုးတက်​​ရေးအဖွဲ့ဟာ ​​တရားဝင်​မှတ်​ပုံတင်​ထားတဲ့အဖွဲ့အစည်း တခုဖြစ်​ပြီး ရခိုင်​ပြည်​နယ်​အတွင်းရှိ လယ်​သမားတွေကို စိုက်​ပျိုး​ရေးနည်းပညာအပြင်​ စိုက်​ပျိုး၊ ထွက်​ယက်​၊ ရိတ်​သိမ်းတာတွေမှာ​ စက်​ပစ္စည်းတွေနဲ့ ကူညီ​ဆောင်​ရွက်​​ပေး​နေ​တဲ့ အဖွဲ့ ဖြစ်​ပါတယ်​။ ​သတင်း - ကျော်​လင်းဦး
2 years Ago
Up