မောင်တောတွင် သိန်း ၄ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

September 9, 2018

မောင်တောတွင် သိန်း ၄ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်နယ်မြေစခန်းမှာ တရားခံနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ စက်တင်ဘာ ၇ ရက်နေ့က မောင်တောမြို့ကနေ တောင်ပြိုလက်ဝဲမြိုကို မောင်းနှင်းလာတဲ့ CR-V (အစိမ်းရောင်) ယာဉ်ကို  ကြိမ်ချောင်း နယ်မြေစခန်းဂိတ်မှာ မင်္သကာလို့ စစ်ဆေးရာကနေ ယာဉ်နောက်ဖုံး တံခါးအောက်ပိုင်း စပယ်ယာဘီးတွယ်ချိတ်တဲ့ အတွင်းဘက် အံဖုံးအတွင်းမှာ wy စိတ်ကြွဆေးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဆေးပြး  ၂၀၆၀၀ ပြား တန်ဖိုး ကျပ်သိန်း  ၄၀၀ ကျော်ဖိုး ဖမ်းမိတာပါ။ မူယစ်ဆေးတွေနဲ့အတူ စုစုပေါင်းရွှေအလေးချိန် ၅ ကျပ်သားကျော်နဲ့ ငွေစက္ကူ ၂၈ သိန်းကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံ ယာဉ်မောင်း မောင်တင်လှိုင် (ဘ)ဦးမြင့်စိန်ကို  ကြိမ်ချောင်းရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
3 years Ago
Up