မောင်တောတွင် ရွာသား ၂ ဦး

November 3, 2017

မောင်တောတွင် ရွာသား ၂ ဦး တိုက်ခိုက်ခံရ၊ ၁ ဦး ဒဏ်ရာရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဝင်ဘာ ၂ ရက်နေ့ မောင်တောခရီးစဉ်အပြီး ညနေပိုင်းမှာ သရေကုန်ဘောင်ရွာက ရွာသား ၂ ယောက်ကို အကြမ်းဖက်သမားတွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သရေကုန်ဘောင်ရွာက ရွာသား ၇ ယောက်ဟာ ပ-ချီးယားတန်း ကျေးရွာနားက ပုစွန်ကန်နားမှာ ငါးရှာနေခဲ့ကြရာက လူစုကွဲသွားပြီး အပြန်လမ်းမှာ ဦးလှမောင်သန်းနဲ့ သူရထွန်းတို့ ၂ ယောက်ကို သံတုတ်၊ ဓားနဲ့ ပုဆိန်တွေ ကိုင်ထားတဲ့ အကြမ်းဖက်လူအုပ်စုက လိုက်လံတိုက်ခိုက်ခဲ့တာလို့ လွတ်မြောက်လာသူ ဦးသူရထွန်းက ပြောပါတယ်။ ဦးလှသန်းမောင်ရဲ့ ကျောကုန်း၊ ဘယ်ဘက်နံစောင်း၊ ဘယ်ပေါင်၊ ညာပေါင်၊ ဘယ်ခြေသလုံးနဲ့ ညာလက်ဖျံတို့မှာ ပြတ်ရှဒဏ်ရာပေါင်း ၇ ချက်ရရှိခဲ့ပြီး မောင်တောဆေးရုံကို ပို့ဆောင်ပေးထားရပါတယ်။ မောင်တောဒေသမှာ အခုလို ဟင်းစားရှာဖွေသူတွေကို အကြမ်းဖက်အဖွဲ့တွေက မကြာခဏ တိုက်ခိုက်တာ ခံနေရပြီး အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းကလည်း အောင်သပြေရွာသား ၄ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့လို့ ဆေးရုံမှာ ကုသခံနေရဆဲ ဖြစ်ပါတယ်။
3 years Ago
Up