မောင်တောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  နှစ်လထပ်တိုး ထုတ်ပြန်

June 12, 2019

မောင်တောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ သက်​တမ်း ၂ လထပ်​တိုး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇွန်​လ ၁၁ ရက်​​ ည​နေပိုင်းက​ နောက်ထပ် ၂ လ သက်​တမ်းတိုးမြှင့်လိုက်ပါတယ်။ ပြစ်​မှုဆိုင်​ရာကျင့်ထုံး ဥပ​ဒေပုဒ်​မ-၁၄၄ အမိန့်​အမှတ်​ (၈/၂၀၁၉)မောင်​​တောမြို့နယ်​ အုပ်​ချပ်​​ရေးမှူး အမိန့်​နဲ့ ထုတ်ပြန်​လိုက်တာဖြစ်ပါတယ်​။ ညမထွက်ရ အချိန်ကာလမှာ ည ၁၀ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအထိ ဖြစ်ပြီး မောင်တောမြို့နယ်အတွင်း လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာ တွေမှာ ​လူ ၅ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့လူတွေ စုဝေးခြင်းမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒီအမိန့်ကို နောက်ထပ် ၂ လပြည့်မြောက်တဲ့အထိ အတည်ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်းထား ပါတယ်​။ မောင်တောမြို့နယ်မှာ ၂၀၁၇ သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ရဲ့ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂ လ တကြိမ်ကျစီ သက်တမ်းတိုး ထုတ်ပြန်ထားခဲ့ပါတယ်​။ ​ကျော်​လင်းဦး
2 years Ago

February 12, 2019

မောင်တောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  နှစ်လထပ်တိုး ထုတ်ပြန်

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်ပါတယ်​။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံး ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အမိန့် အမှတ် ၆/၂၀၁၉ အရထုတ်ပြန်တာဖြစ်တယ်လို့  မနေ့က မောင်တောမြို့နယ်ထဲမှာ မီးသတ်ကားပေါ် အသံချဲ့စက်တင်ပြီး လိုက်လံကြေညာတာ ဖြစ်​ပါတယ်​။ ညမထွက်ရ အချိန်ကာလကတော့ ည ၁၀ နာရီမှ နောက်တနေ့ မနက် ၅ နာရီထိ ဖြစ်ပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်အတွင်း အများပြည်သူ သွားလာတဲ့လမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာတွေမှာလည်း လူငါးဦး ထက်ပိုပြီး စုဝေးခြင်းမပြုလုပ်ဖို့နဲ့ ဒီအမိန့်ကို နောက် ၂ လပြည့်မြောက်တဲ့ အထိ အတည်ဖြစ်တယ်လို့လည်း ဆိုပါတယ်​။ မောင်တောမြို့နယ်မှာ ၂၀၁၇ သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေ အေးချမ်းစွာ နေထိုင်ရေး အတွက် ညမထွက်ရ အမိန့် ၁၄၄ ကို ၂ လ တကြိမ် ထုတ်ပြန်တာ ဖြစ်ပါတယ်​။ ဗညား  
2 years Ago
Up