မောင်တောတွင် စိတ်ကြွဆေးပြား

A d v e r t i s e m e n t With Us

March 28, 2018

မောင်တောတွင် စိတ်ကြွဆေး ကျပ်သိန်း ၃၅၀၀ ကျော်ဖိုး ဖမ်းမိ

  ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျပ်သိန်း  ၃၅၂၈ တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြားတွေနဲ့အတူ တရားခံ ၃ ဦးကို မနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ မောင်တောမြို့ ဓညဝတီ ရေတပ်စခန်းမ အကူရေယာဉ်အဖွဲ့ဟာ မတ်လ ၂၇ ရက် မနက် ၆ နာရီ ၄၅ မိနစ်အချိန်က ရာဘာလှေနဲ့ နတ်မြစ်အတွင်း လှည့်ကင်းနေစဉ် ကညင်ချောင်းနဲ့ တက်ချောင်းကြား ရွှေဇားဘင်္ဂလီကျေးရွာအနီး မြန်မာပိုင်ရေ ပိုင်နက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ လှော်ခတ်နေတဲ့ မသင်္ကာဖွယ်လှေ တစီးကို လက်နက်နဲ့ ၅ ချက်ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ စိတ်ကြွမူးယစ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာပါ။ အလျှား ၁၅ ပေ အနံ ၃ ပေ ရေစူ ၅ ပေလောက်ရှိတဲ့ လက်ခတ်လှေပေါ်မှာ  ဘင်္ဂါလီအမျိုးသား ၃ ဦးနဲ့အတူ ဆာလာအိပ်နဲ့ ထုတ်ပို့ထားတဲ့ စိတ်ကြွဆေးပြား ၁၇၆၄၀၀ ပြား သိန်းပေါင်း  ၃၅၂၈၀၀၀၀၀ ကျပ်တန်ဖိုး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းမိတဲ့ တရားခံတွေကို ပြင်ဖြူစခန်းမှာအမှုဖွင့်ထားပါတယ်လို့ မောင်တောမြို့နယ် ဒုစခန်းမှူးက အတည်ပြုပြောကြားပါတယ်။ တရားခံတွေကတော့ မောင်တောမြို့ ပေါင်းဇားရွာမှာနေထိုင်ကြတဲ့ ဟိုင်ဘူလာ အသက် (၃၀ နှစ်)၊ မာမတ်ဆာဗစ် အသက်(၂၈ နှစ်)၊ အန်ဆန်ဒူလာ အသက် (၂၅ နှစ်)တို့ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို အမှတ်(၄၆)မူးယစ်အထူးတပ်ဖွဲ့စု (မောင်တော)ကို လွှဲပြောင်းပေးအပ်ထားပါတယ်။ သတင်း - Wan Tha
3 years Ago

May 26, 2017

မောင်တောတွင် စိတ်ကြွဆေးများ ဝမ်းဗိုက်အတွင်း မြိုချသယ်လာသူကို ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မောင်တော-ကြိမ်ချောင်း ကားလမ်းမှာ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်ပိုင်း သတင်းအရ ရှာဖွေစစ်ဆေးရာမှ စိတ်ကြွဆေးပြားတွေ ဝမ်းဗိုက်အတွင်း မြိုချသယ်ဆောင်လာသူတဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။ မောင်တော-ကြိမ်ချောင်း ကားလမ်းမှာ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၇ နာရီခွဲလောက်က ဆိုင်ကယ်တစီးအား ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်နောက် စီးနင်းလိုက်ပါလာသူက ဆင်းပြီး မောင်းနှင်လာသူကတော့ ရပ်တန့်ဟန်ပြင်ပြီးနောက် ကြိမ်ချောင်းဘက် မောင်းနှင် ထွက်ပြေးသွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဆိုင်ကယ်နောက်မှ စီးနင်းလာသူအား စစ်ဆေးမေးမြန်းရာ ရေမျက် တောင်ကျေးရွာနေ ရာဟာမာအုလ္လာ (၃၁) နှစ်ဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူကတော့ တရွာတည်းနေ ဆီရာဇူလ်အီစ္စလာမ် ၄ဝ နှစ် ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးဟာ ရေမျက်တောင်ကျေးရွာမှ ထွက်ခွာလာပြီး ဇင်ပိုင်ညာ ကျေးရွာအနီး ဓနိတောနေရာအရောက်မှာ ဆီရာဇူလ်အီစ္စလာမ်က ပလတ်တစ်နဲ့ ထုပ်ပိုးထားသော ပိန္နဲစေ့အရွယ်ရှိ အထုပ် ၃ဝ လောက်အား ဝမ်းဗိုက်ထဲ မြိုချ သယ်ဆောင်ပေးပါက ငွေကျပ် ၅ဝဝဝဝ ပေးမယ်ပြောတာကြောင့် မြိုချသယ်ဆောင်လာ တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ မြိုချသယ်ဆောင်လာသူ ရာဟာမာအုလ္လာအား နယ်မြေရဲစခန်းခေါ်ပြီး ထမင်းနဲ့စားစရာတွေ ကျွေးပြီး မစင်စွန့်ခိုင်းရာမှ မစင်အတွင်း WY/ R စာတမ်းပါ စိတ်ကြွဆေးပြား ၄၈ ပြားပါ အထုပ် ၃ဝ၊ စုစုပေါင်း ၁၄၄ဝ ပြား၊ ခန့်မှန်းကာလ တန်ဖိုးငွေကျပ် ၂၉ သိန်းခန့်အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ရာဟာမာအုလ္လာနဲ့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားသူ ဆီရာဇူလ်အီစ္စလာမ်တို့အား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။
4 years Ago
Up