မောင်တောတွင်

A d v e r t i s e m e n t With Us

March 3, 2018

မောင်တောတွင် ကျပ်သိန်း ၇၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျပ်သိန်း ၇၀၀၀ လောက် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ မောင်တောမြို့အနီး လုံခြုံရေးဆောင်ရွက်နေနဲ့ တပ်ဖွဲ့ဝင်တွေဟာ မတ် ၂ ရက်နေ့ အစောပိုင်းက မောင်တောမြို့ရဲ့ တောင်ဘက် ၆ မိုင်ခန့်အကွာ နတ်မြစ်ဝမှာ လှေတစင်းအား တွေ့ရှိစစ်ဆေးရာ လှေပေါ်မှာ ကျပ်သိန်း ၆၄၀၀ ကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၃၂၂၈၁ဝ ပြားအား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါတယ်။ အလားတူ မတ်လ ၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ အင်းဒင်ကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေတဲ့တပ်ဖွဲ့ဝင်တွေဟာ အငူမော်ဘက်မှ မောင်တောဘက်ကို လှမောင်သာ မောင်းနှင်လာတဲ့ Super Anbo အမျိုးအစား (လိုင်စင်မရှိ) ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မိုးကာအင်္ကျီအတွင်း အထုတ်ထဲမှ  ကျပ်သိန်း ၃၇၀ ကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၈၁ဝ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူနဲ့ မူးယစ်ဆေးဝါးတွေကို မောင်တောမြို့နယ် မူးယစ်တပ်ဖွဲ့စုနဲ့ အင်းဒင်နယ် မြေရဲ စခန်းတွေကို လွှဲပြောင်း အပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

February 11, 2018

မောင်တောတွင် လက်လုပ်မိုင်း ၁၀ လုံး တွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ  မဲဒီ(ဘင်္ဂါလီ) ကျေးရွာမှာ သံချေးတက်လက်လုပ်မိုင်း ၁၀ လုံး သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၀ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်က မောင်တောမြို့နယ်၊ မဲဒီ(ဘင်္ဂါလီ) ကျေးရွာ (လူနေထိုင်ခြင်းမရှိ)  တောင်ကုန်းစောင်းမှာ မသင်္ကာဖွယ်မြေကျင်းအတွင်း ပလတ်စတစ်ပုံးပြတ် ၁ လုံးတွေ့ရှိကြောင်း သတင်းအရ တပ်မတော်သားတွေနဲ့ အမှတ် (၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တယ်။ စစ်ဆေးရာမှာ အကျယ် ၃ ပေ၊ အနက် ၃ ပေ မြေကျင်းအတွင်းရှိ ပလတ်စတစ်ပုံးတွင်းမှ သံချေးတက် လက်လုပ်မိုင်း ၁၀ လုံးကို တွေ့ရှိပြီး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထာါးပတယ်။
3 years Ago

မောင်တောတွင် ကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ငွေကျပ်သိန်း ၁,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၉ နာရီခွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တက်ချောင်းဝအနီးမှာ လက်ခတ်လှေတစ်စီးကို တွေ့ရှိရှာဖွေရာ မောင်တောမြို့၊ အမှတ် ၂ ရပ်ကွက်နေ မာမစ်ဆာမောက်၊ အာဘူ၊ အန်နာတူလာတို့နဲ့အတူ  ငွေကျပ် ၁,၇၅၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၅၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သူတို့ ၄ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
3 years Ago
More News
Up