အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်မှာ သြဂုတ် ၂၇ ရက်က ကော်နာမက်ဂရီဂေါနဲ့ မေဝယ်သာတို့ရဲ့ လက်ဝှေ့ထိုးသတ်တဲ့ အားကစားရုံအနီးမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
လက်စ်ဗီးဂက်စ်က နာမည်ကြီးဟိုတယ်တွေဖြစ်တဲ့ ဘယ်လာဂျီယိုနဲ့ ဖလမ်းမင်းဂိုး ဟိုတယ်တွေနားက ခရွမ်းဝယ်လ် ကာစီနိုရုံနားမှာ တဘက်နဲ့တဘက် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီအခင်းဖြစ်ပွားမှုက လက်ဝှေ့သမား ၂ ဦး အကြိတ်အနယ် လက်ဝှေ့ထိုးနေကြတဲ့ တီမိုဘိုင်း အားကစားရုံကနေ ဘလော့ဂ် ၂ ခုသာကွာတဲ့ ဒရေး (Drai) နိုက်ကလပ်မှာ ဦးတည်ဖြစ်တာလို့ ဆိုပါတယ်။
လက်ဝှေ့ပွဲကြည့်ပရိသတ် ထောင်ပေါင်းများစွာ ရောက်ရှိနေတဲ့အတွက် လက်စ်ဗီးဂက်စ် ဘိုလီဗာ့ဒ်လမ်းမကြီးနဲ့ ဖလမ်းမင်းဂိုးလမ်းမဆုံရာ လမ်းဆုံကို ရဲတွေက ပိတ်ထားတယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် ခရွမ်းဝယ်လ်ကာစီနိုနဲ့ ဒရေးနိုက်ကလပ်က လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပြီး တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ လက်စ်ဗီးဂက်စ်မက်ထရိုရဲတွေက အတည်ပြု ပြောပါတယ်။
နောက်ပိုင်းမှာတော့ သေနတ်ပစ်ခတ်မှု မဖြစ်ခဲ့ဘူးလို့ ဆိုပေမယ့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ခဲ့ပြီး အဲ့ဒီနေရာက ရုပ်တုတွေ ပြုတ်ကျတာကို သေနတ်ပစ်ခတ်တယ်ဆိုပြီး လူတွေက အကြောင်းကြားခဲ့တာလို့ သိရကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
5 years Ago