မေလ ၃၁ ရက်နေ့

May 31, 2017

မေလ ၃၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

မေလ ၃၁ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၆၅ ကျပ်၊ ၁ ယူရိုငွေကို ၁၅၂၅ ဒသမ ၃ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၈၅ ဒသမ ၀၃ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၃၁ ဒသမ ၆ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၉ ဒသမ ၁၁ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၁၀ ဒသမ ၂၄ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၁၉ ဒသမ ၀၄ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၀ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။ (ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်) ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၀၅၃၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၀၅၅၀၀ ကျပ် ဖြစ်ပါတယ်။  ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၆၀ ဒေါ်လာ ဈေးပေါက်ပါတယ်။
4 years Ago
Up