အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာရှိတဲ့ မေရီလန်းတက္ကသိုလ်ကျောင်းဝင်းအနီးက အဆောက်အဦတခုမှာ ဧပြီ ၂၄ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။
ဆောက်လုပ်နေဆဲ အဆောက်အဦမှာ မီးလောင်ကျွမ်းတာဖြစ်ပြီး ခေါင်မိုးပေါ်ကနေ မီးခိုးလုံးတွေ ထွက်နေတာကို မြင်တွေ့ရပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို မီးသတ်ဌာနအသီးသီးက မီးသတ်တပ်ဖွဲ့တွေ လာရောက် ငြှိမ်းသတ်ကြပါတယ်။
ဒါပေမယ့် မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။
4 years Ago